မချောသဉ္ဇာလွင် (စီမံရေးရာအတွင်းရေးမှူးအဖြစ် ၆၀.၀၅.၂၀၁၉ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2019-05-02

    ၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
    TNY Legal Myanmar သည် မြန်မာနိုင်ငံတွင် ကျော်ကြားသော Law Firm တွေထဲမှ တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒီမှာအလုပ်လုပ်ရသည့်အတွက် ကျွန်မ ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ ကျွန်မက လုပ်ငန်းခွင်တိုးတက်ရေးနဲ့ ကျွန်မရဲ့လုပ်ငန်းရေးရာ တိုးတက်ရေး အတွက် ပိုပြီး စိန်ခေါ်မှုများတဲ့အလုပ်အတွေ့အကြုံရရှိချင်တာကြောင့် Administrative Secretary နေရာဖြင့် ဒီကုမ္ပဏီမှာအလုပ်ဝင်လျှောက်ခဲ့ပါတယ်။ ကျွန်မအတွက် လက်မလွှတ်နိုင်တဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

    ၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
    ကျွန်မက လုပ်ငန်းခွင်မှာ အတတ်ပညာဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရရှိပြီး အနာဂတ်မှာ အကောင်းဆုံး ကျွမ်းကျင်ပိုင်နိုင်သော Consultant တစ်ယောက်ဖြစ်ချင်ပါတယ်။ ကျွန်မရဲ့ယခုလက်ရှိရထားတဲ့နေရာမှာ အကျွမ်းတဝင်ဖြစ်ပြီး ကျွန်မရဲ့ ရည်မှန်းချက် အိပ်မက်များ ပြည့်ဝမည်ဟု ယုံကြည်ပါတယ်။

    ၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
    ကျွန်မရဲ့အားလပ်ချိန်တွေကို မိသားစုနဲ့အပြင်သွားခြင်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ကုန်ဆုံးတတ်ပါတယ်။ မဟုတ်ပါက ကျွန်မရဲ့အခန်းမှာ အိမ်မှုကိစ္စများလုပ်ခြင်းနဲ့ အလုပ်အတွက်လိုအပ်တဲ့စာဖတ်ခြင်း သို့မဟုတ် ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြင့် ကုန်ဆုံးတတ်ပါတယ်။

    ၄။ သင့်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
    ကျွန်မက ဖော်ဖော်ရွေရွေနေတတ်တဲ့ ပင်ကိုယ်စရိုက်ရှိတဲ့အတွက် ကျွန်မသည် ရွှင်လန်းတက်ကျွပြီး ဆက်ဆံရေးပြေပြစ်သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်မက အဖွဲ့လိုက်လုပ်ဆောင်ရာမှာ အားသာသူတစ်ဦးဖြစ်တဲ့အတွက် မတူညီတဲ့လူများနဲ့လည်း
    ကောင်းမွန်စွာ ဆက်ဆံလုပ်ကိုင်နိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ကျွန်မက လုငန်းအတွေ့အကြုံလုံလောက်မှုမရှိသေးတဲ့အတွက် လုပ်ငန်းပိုင်းရေးရာ လိုအပ်ချက်များ
    ရှိပါတယ်။ သို့သော် ကျွန်မက သင်ယူတတ်မြောက်ရမဲ့အရာများကို သင်ယူကြိုးပမ်းပြီး အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းလဲမည်ဟု ခံယူထားပါတယ်။