မခိုင်ခိုင်နွဲ့တင် (ရှေ့နေအဖြစ် ၂၄.၀၆.၂၀၁၉ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2019-06-24


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မသည် ဂျပန်ဘာသာစကားကို အထူးစိတ်ဝင်စားပြီး လေ့လာနေဆဲဖြစ်ပါတယ်။ TNY Legal (Myanmar) Co., Ltd သည် ရန်ကုန်မြို့တွင် လူသိများသော ဂျပန်နိုင်ငံအခြေစိုက် Law Firm တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်မအနေဖြင့် ဒီကုမ္ပဏီမှာအလုပ်လုပ်ခြင်းက အတွေ့အကြုံကောင်းများနဲ့အတူ ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ၊ ဘာသာစကား ဆိုင်ရာတိုးတက်မှုများ ရရှိနိုင်မည်ဟု ယုံကြည်သောကြောင့် အလုပ်လုပ်ရန်ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
လာမဲ့အနာဂတ်မှာ အရည်အချင်းပြည့်ဝတဲ့ အကြံပေးရှေ့နေတစ်ဦးဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
များသောအားဖြင့် ကျွန်မရဲ့ အားလပ်ရက်တွေကို ဂျပန်ဘာသာသင်တန်းတက်ခြင်း၊ အိမ်တွင်နေခြင်းများဖြင့် ကုန်ဆုံးပါတယ်။ ရာသီဥတုအခြေအနေ၊ ပိတ်ရက်အရေအတွက် များပေါ်မူတည်ပြီး အခြားမြို့များ သို့မဟုတ် နိုင်ငံများကို မိသားစုနဲ့ အလည်အပတ်ခရီးထွက်ပါတယ်။

၄။ သင့်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက အလုပ်လုပ်တဲ့အခါ စိတ်အားထက်သန်စွာနဲ့ လုပ်လေ့ရှိပါတယ်။ ပေါင်းသင်း
ဆက်ဆံရေးကောင်းမွန်ပြီး အလုပ်လုပ်သည့်ပုံစံမျိုးစုံနှင့် လိုက်လျောညီထွေမှုရှိပြီး စိတ်ရှည်ပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ ကိစ္စရပ်အားလုံးမှာ အတွေးလွန်တာနဲ့ စိုးရိမ်လွန်တာ ဖြစ်ပါတယ်။