မယဉ်ယဉ်ဝင့် (ဘာသာပြန်နှင့် အကြံပေးအချစ် ၀၅.၀၃.၂၀၁၈ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2018-03-05


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ဒီကုမ္ပဏီက ဥပဒေရေးရာကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ကျွန်မက ဥပဒေရေးရာကုမ္ပဏီရဲ့ လုပ်ငန်းစဉ်များကိုသိချင်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောက်လာမဲ့အနာဂတ်မှာ ကျွန်မရဲ့ကိုယ်ပိုင်စီးပွားရေး တည်ထောင်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
အားလပ်ရက်တွေမှာ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ အင်္ဂလိပ်ရုပ်ရှင်များကြည့်တာ၊ အစားအသောက်ကောင်းကောင်းစားတာ စတာတွေကို ပြုလုပ်လေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကောင်းကောင်းပြင်ဆင်တတ်တာ၊ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်တာ၊ သင်ယူချင်စိတ်ရှိတာနဲ့ လူတွေကိုကူညီတတ်တာ ကျွန်မရဲ့အားသာချက်တွေပါ။ ကျွန်မရဲ့အားနည်းချက်တွေကတော့ လူတွေကို အလွယ်တကူယုံကြည်တာနဲ့ အရာအားလုံးနဲ့ပတ်သတ်ပြီး စိုးရိမ်နေတာပဲဖြစ်ပါတယ်။