မဆုလဲ့နွယ် (အလုပ်သင်အဖြစ် ၂၂.၀၄.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်။)

  • 2019-04-22


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ယခင်က ပြစ်မှုပိုင်းဆိုင်ရာ ကိစ္စများကို ဆောင်ရွက်သော Myanmar Law Firm များတွင် လုပ်ကိုင်ခဲ့သောကြောင့် ယခုတွင် သူငယ်ချင်းများ၏ အကြံပေးချက်များနှင့် Business Foreign Law Firm တွင် အလုပ်အတွေ့အကြုံလိုချင်သောကြောင့် TNY Legal Myanmar တွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

Commercial Law ကို စိတ်ဝင်စားသောကြောင့် ကျောင်းပြီးလျှင် စီးပွားရေးအကြံပေးဖြစ် ချင်ပါတယ်။ ယခင်အလုပ်မှုအတွေ့အကြုံများအရ ပြစ်မှုပိုင်းတွင် စိတ်ပါဝင်စားမှု ရှိသော်လည်း အမှုများလိုက်ပါဆောင်ရွက်သောအခါ အမှုသည်များနှင့်အတူ အမှုနှင့် ပတ်သတ်သော အဆင်မပြေမှုများအား ခံစားတတ်သောကြောင့် စီးပွားရေးနယ်ပယ် ကိုရွေးချယ်ခဲ့ဖြင်းဖြစ်သည်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

မိသားစုများနှင့်လည်းကောင်း သူငယ်ချင်းများနှင့်လည်းကောင်း ခရီးသွားခြင်း၊ လည်ပတ်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မရဲ့အားသာချက်တစ်ခုမှာ ယုံကြည်ရခြင်းနှင့် တည်ကြည်ခြင်း တို့ဖြစ်ပြီး အားနည်းချက်မှာ စိတ်ခံစားလွယ်တတ်ခြင်းတို့ ဖြစ်ပါသည်။