ဇွန်မီနိုင် (လက်ထောက်စီမံရေးအဖြစ် ၁၇.၀၇.၂၀၁၇ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2017-07-17


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မက နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ လုပ်ငန်းအတွေ့အကြုံရချင်တာကြောင့်နဲ့ နေရာသစ်မှာ သင်ယူလေ့လာချင်တာကြောင့် အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်မက စီးပွားရေးဆိုင်ရာရှေ့နေတစ်ယောက် ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မရဲ့အားလပ်ရက်တွေမှာ စာဖတ်တာ၊ အိပ်တာ၊ ခရီးသွားတာနဲ့ သူငယ်ချင်းတွေ နဲ့တွေ့တာမျိုးလုပ်လေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်ကတော့ နေရာသစ်တွေမှာ စူစမ်းလေ့လာရတာ၊ သင်ယူလေ့လာမှုနဲ့ တတ်မြောက်မှုတွေမှာ ပျော်ရွှင်စွာနဲ့ စိတ်ပါဝင်စားတတ်ပါတယ်။ အသင်းအဖွဲ့နဲ့အတူလဲ လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်ပါတယ်။ အဖွဲ့ဝင်ကောင်းတစ်ယောက်လဲ ဖြစ်ပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ လူတွေကိုအယုံလွယ်တာနဲ့ ဆုံးဖြတ်ချက်မြန်ဆန်တာပဲ
ဖြစ်ပါတယ်။