မခင်လင်းလတ် (အလုပ်သင်အဖြစ် ၀၂.၀၅.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-05-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ကျွန်မသည် ဂျပန်စာနောက်ဆုံးနှစ်ဖြစ်သည့်အတွက်ကြောင့် ဘွဲ့ရလျှင်လုပ်ငန်းခွင် ဝင်ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်ပြီး အတွေ့အကြုံ ယူချင်ပါသည်။ တကယ်အလုပ်ခွင်ဝင်လျှင် အဆင်သင့်ဖြစ်စေရန် ဂျပန်ရဲ့အလုပ်ခွင်ယဉ်ကျေးမှုနှင့် ထိတွေ့ချင်ပါသည်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

စီးပွားရေးဘာသာရပ်များသင်ယူရန် ရည်ရွယ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

အားလပ်ရက်မှာသူငယ်ချင်းများနှင့် အပြင်ထွက်လေ့ရှိပါတယ်။ ဒါမှမဟုတ်ရင် အိမ်မှာရုပ်ရှင်ကြည့်လေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

အားသာချက်သည် ဘယ်အရာမဆို သင်ယူချင်ပါတယ်။ အားနည်းချက်သည် ရှက်တတ်တဲ့ ပင်ကိုယ်စရိုက်ဖြစ်ပါတယ်။