မောင်ဇင်ဝင်းထက် (စီမံရေးရာအတွင်းရေးမှူးအဖြစ် ၆၀.၀၅.၂၀၁၉ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2019-05-06


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
TNY Legal Myanmar Company သည် ဂျပန်နိုင်ငံ အခြေစိုက်ဥပဒဆိုင်ရာ ကုမ္ပဏီကောင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိသည်မှာ ၄ နှစ်တာကာလရှိပြီဖြစ်ပေမဲ့ နိုင်ငံအနှံ့အပြားတွင် ရုံးခွဲများရှိထားပြီးဖြစ်ပါတယ်။ ထိုသို့ ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် ကျွန်တော်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့အပြင် နယ်အသီးသီးမှ ဥပဒေ နှင့်ပတ်သတ်သော လုပ်ထုံးလုပ်နည်းများကို လေ့လာချင်သော လည်းကောင်း ကျွန်တော်၏ ဂျပန်စကားအရည်အသွေးတိုးတက်ချင်သေလည်းကောင်း
ဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်တော်က နောင်လာမဲ့အနာဂတ်မှာ နည်းပညာပိုင်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ နယ်ပယ်မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ပါတယ်။ ထို့ပြင် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်မည့် အခွင့်လမ်းမျိုးရှိခဲ့လျှင်လည်း ကျွန်တော်အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ပုံမှန်ဆိုရင်တော့ ကျွန်တော့အားလပ်ချိန်တွေကို ဂီတာတီးခြင်း သီချင်းရေးခြင်းနှင့်သာ ကုန်ဆုံးလေ့ရှိပါတယ်။ တစ်ခါတစ်ရံကျလျှင်လည်း Online Learning များ၌ ကျွန်တော်ရဲ့ အားလပ်ချိန်ကို ကုန်ဆုံးလေ့ရှိပါတယ်။ အားလပ်ရက်များ ရက်ရှည်ရှိခဲ့လျှင်တော့ ကျွန်တော်ခရီးထွက်လေ့ရှိပါတယ်။

၄။ သင့်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်တော် အထူးသဖြင့် ကျွန်တော့ကိုယ်ကျွန်တော် အားနည်းချက်မရှိရလေအောင် အစဉ်အမြဲ ဂရုစိုက်လေ့ရှိပါတယ်။ သို့ပေမဲ့ ကျွန်တော့ရဲ့တစ်ခုတည်းသောအားနည်းချက်
ကတော့ အလုပ်နဲ့ပတ်သက်ရင် အရမ်း Straight ဖြစ်လွန်းတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ရဲ့အားသာချက်တွေကတော့ စိတ်ရှည်သီးခံခြင်း၊ စိန်ခေါ်မှုများကို အမြဲမျှော်လင့်နေခြင်း၊ လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်း၊ ပွင့်လင်းမှုရှိခြင်း၊ အများနဲ့ ပြေလည်စွာပြောဆိုဆက်ဆံတတ်ခြင်းနှင့် ယုံကြည်စိတ်ချရမှုရှိခြင်းတို့ပဲ ဖြစ်ပါတယ်။