မစိမ်းလဲ့နွယ် (အလုပ်သင်အဖြစ် ၂၂.၁၀.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-10-22


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ကျွန်မက လုပ်ငန်းအတွေ့အကြုံလိုချင်တဲ့အတွက်ကြောင့်နှင့် ဥပဒေနဲ့ပတ်သက်တဲ့ ဗဟုသုတများကို ရရှိနိုင်ရန်အတွက် SAGA ASIA မှာအလုပ်ဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် ကျွန်မ၏ ဤကုမ္ပဏီတွင် ရခဲ့သော လုပ်ငန်းအတွေ့အကြုံများမှာ ကျွန်မ၏ ရှေ့ဆက်အသက်မွေးဝမ်းကြောင်း ပညာရပ်တွေမှာ အထောက်ပံ့ဖြစ်မည်ဟုထင်ပါတယ်။ ဒီကုမ္ပဏီက ဂျပန်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဂျပန်ကုမ္ပဏီတစ်ခုရဲ့ Culture ကိုသိချင်သည့်အတွက်ကြောင့်လည်း ဒီကုမ္ပဏိမှာအလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

နောင်လာမဲ့အနာဂတ်ကာလမှာ ကျွန်မက အထူးသဖြင့် ပညာရေးနှင့် အလုပ်သမားများ၏ အခွင့်ရေးဆိုင်ရာ၏ ဖွင့်ဖြိုးတိုးတက်မှုအတွက် စီစဉ်ပေးသူတစ်ယောက်ဖြစ်ချင်ပါတယ်။ ကျွန်မရဲ့အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရပ်ခြားကိုသွားရောက်ပီး ဖွင့်ဖြိုးတိုးတက်မှုများနှင့် ပတ်သက်သော လေ့လာသင်ကြားမှုများကို ဘွဲ့လွန်ထိ သွားရောက်သင်ကြားလေ့လာချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

ကျွန်မရဲ့အားလပ်ရက်တွေမှာတော့ ပုံမှန်ဆို ဝတ္တုစာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း နှင့် ခရီးသွားခြင်းတို့ဖြင့် အသုံးပြုလေ့ရှိပါတယ်။ ထို့ပြင် ကျွန်မ၏အိမ်နှင့်နီးသော American Centre သို့လည်းသွားရောက်၍ စာဖတ်လေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်ကတော့ အလုပ်ကြိုးစားခြင်းနှင့် အလုပ်ကိုအချိန်မှီပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ထို့ပြင် ကျွန်မက တခြား မတူညီတဲ့အတွေးအခေါ်၊ စိတ်ဝင်စားမှုများရှိသည့်သူများနှင့်လည်း ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ အနည်းငယ် စိတ်ခံစားမှုလွယ်ပေမဲ့ ထိမ်းချုပ်နိုင်စွမ်းတော့ ရှိပါတယ်။