မမွတျဆုမေ (အလုပ်သင်အဖြစ် ၂၀၁၆ မေလတွင် စတင်ဝင်ရောက်ပါသည်)

  • 2016-05-10

၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
ကျွန်မသည် ကျောင်းသူတစ်ယောက်ဖြစ်သောကြောင့် လုပ်ငန်းခွင် အတွေ့အကြုံနှင့် ပေါင်းသင်းဆက်ဆံရေး အတွေ့အကြုံများမရှိပါ။ ထို့နောက် အခြားဗဟုသုတများရစေရန်နဲ့ ကျောင်းသင်ခန်းစာ များအားလက်တွေ့အသုံးချရန် ဒီအလုပ်သင်အစီအစဉ်ကို လျှောက်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုဖွင့်ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်မိပါတယ်။ စီးပွားရေးနဲ့ ဥပဒေတို့မှာ နိုင်ငံတစ်နိုင်ငံ တိုးတက်ရန်အဓိကကျသော အရာများလို့ထင်ပါတယ်။ ဒါကြောင့် SAGA ASIA မှာ အလုပ်သင်ဆင်းဖို့ ဆုံးဖြတ်ခဲ့ပြီး အတွေ့အကြုံဗဟုသုတများလည်း ရရှိမည်ဟု ယုံကြည်ပါတယ်။

၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
ဂျပန်နိုင်ငံတွင် စီးပွားရေးနဲ့ ပတ်သက်ပြီး သင်ကြားချင်ပြီး ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်ချင်ပါတယ်။ ထို့နောက် မြန်မာနိုင်ငံကိုတိုးတက်အောင်ဆောင်ရွက်ရန် ပြန်လာမည်လို့ ရည်ရွယ်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
မိသားစုနဲ့ခရီးသွားခြင်း၊ သူငယ်ချင်းများနဲ့ လျှောက်လည်ခြင်းကို နှစ်သက်ပါတယ်။ တစ်ခါတစ်ရံ ပိတ်ရက်များမှာ အိမ်အလုပ်လုပ်ခြင်းကိုလည်း ပျော်ရွှင်ပါတယ်။
၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
ဆုံးဖြတ်ပြီးလျှင် အဆုံးထိလုပ်နိုင်မည်ဟု ယုံကြည်ပါတယ်။ ဘယ်သောအခါမှ လက်မလျှော့တတ်ပါ။ သူငယ်ချင်းများက စိတ်ရှည်သည်းခံတတ်သည်ဟု ပြောကြပါတယ်။ အဲ့ဒါတွေက ကျွန်မရဲ့အားသာချက်တွေလို့ ထင်ပါတယ်။ ကျွန်မရဲ့အားနည်းချက်တွေကတော့ တစ်ခုခုမစားဘဲ အလုပ်မလုပ်နိုင်ခြင်းနဲ့ အရက်ဘီယာမသောက်နိုင်ခြင်း ဖြစ်ပါတယ်။