မောင်ပြည့်ဝန်းသိမ်း (အလုပ်သင်အဖြစ် ၁၈.၁၀.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-10-18


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ပထမဆုံးအနေဖြင့် ဂျပန်ယဉ်ကျေးမှုများနှင့် စနစ်ကျသောလုပ်ကိုင်မှုများကို လေ့လာ လိုသောကြောင့် ဂျပန်လူမျိုးများနှင့် အလုပ်လုပ်ချင်ခဲ့ပါတယ်။ ဘာသာစကားများကို လေ့လာနှစ်သက်ခြင်းကြောင့် ကျွန်တော် SAGA ASIA တွင် အလုပ်လုပ်ခြင်းဖြင့် ဘာသာစကားကို တိုးတက်အောင် အခွင့်အရေးရရှိနိုင်သောကြောင့် ဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
အနာဂတ်တွင် ကျွန်တော့အိပ်မက်မှာ အောင်မြင်သောဥပဒေအကြံပေး အရာရှိတစ်ဦး ဖြစ်ချင်ပါတယ်။ နောင်တစ်ချိန်တွင် လူမှုအကျိုးပြုလုပ်ငန်းများတွင်လည်း မိတ်ဆွေသူငယ်ချင်းများနှင့် ပူးပေါင်းပါဝင်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
အားလပ်ရက်များတွင် သူငယ်ချင်းများနှင့် ကြက်တောင်ရိုက်ခြင်းက စိတ်ပင်ပန်း နွမ်းနယ်မှုများကိုလည်းလျော့ကျစေပြီး သူငယ်ချင်းများနှင့် အပြင်သွားရခြင်းကိုလည်း နှစ်သက်ပါတယ်။ အိမ်တွင်နေ၍ ရုပ်ရှင်ကြည့်ခြင်းနှင့် ဘာသာစကားများလေ့လာခြင်း နှင့်လည်းကုန်ဆုံးလေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်တော့အားသာချက်မှာ မည်သည့်အခြေအနေတွင်မဆို လိုက်လျောညီထွေရှိသူဖြစ်ပြီး တက်ကြွလှုပ်ရှာသူတစ်ဦးလည်း ဖြစ်ပါတယ်။ မည်သည့်အခက်ခဲများရှိပါစေ အတွေ့ကြုံသစ်များကို လေ့လာသင်ယူနိုင်ပါတယ်။ အားနည်းချက်မှာ တစ်ခါတစ်ရံဆုံးဖြတ်
ချက်မပြတ်သားဘဲ လုပ်ချင်စိတ်များနှင့်သာကုန်ဆုံးတတ်ပါ