မဖူးပွင့် (အလုပ်သင်အဖြစ် ၁၂.၀၅.၂၀၁၇ နေ့တွင် ဝင်ရောက်ပါသည်။

  • 2017-05-12


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မမှာအကြောင်းပြချက် ၂ ချက်ရှိပါတယ်။ ပထမအချက်ကတော့ လုပ်ငန်းအတွေ့အကြုံ လိုချင်လို့ပါ။ နောက်တစ်ခုက ဥပဒေနဲ့ပတ်သတ်တဲ့ ဗဟုသုတကို ပိုသိချင်လို့ပါ။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာကျွန်မက အောင်မြင်တဲ့ ကော်ပိုရိတ်ရှေ့နေ ဒါမှမဟုတ် တရားသူကြီး ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မရဲ့အားလပ်ရက်တွေမှာ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာတွေနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်ကတော့ ဘယ်အရာကိုပဲလုပ်လုပ် လွယ်လွယ်နဲ့ အရှုံးမပေးတတ်တာပဲဖြစ်ပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ လူတွေကို အယုံလွယ်တာပါ။