မသဒ္ဒါအင်ကြင်း (အလုပ်သင်အဖြစ် ၁.၁၁.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-11-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
အဓိက SAGA ASIA မှာလုပ်ရန်ဆုံးဖြတ်ခဲ့သော အကြောင်းရင်းက ဥပဒေအကြံပေး မှုလုပ်ငန်းများနှင့် စီးပွားရေးဥပဒေများကို စိတ်ဝင်စားပြီး အားလပ်ရက်တွင် အတွေ့အကြုံရရန် ဆုံးဖြတ်ခဲ့ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

ကျွန်မရဲ့အိပ်မက်မှာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သော ရှေ့နေကောင်း တစ်ယောက်ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

အားလပ်ရက်တွင်ခရီးထွက်ခြင်းကို နှစ်သက်ပါတယ်။ တစ်ခါတစ်ရံရုပ်ရှင်ကြည့်ခြင်းနှင့် ဝတ္တုစာအုပ်ဖက်ခြင်းတို့ကိုလည်း ကြိုက်နှစ်သက်ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မရဲ့အားသာချက်က တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်မပြုခြင်း ဖြစ်ပါတယ်။ ကျွန်မအားနည်းချက်မှာ ခံစားလွယ်တတ်ပြီး ကိစ္စတိုင်းကို အမြဲတမ်းအကြာကြီး စဉ်းစားတတ်ပါတယ်။