မကြည်ဖြူရတနာရှိန် (အလုပ်သင်အဖြစ် ၀၁.၀၄.၂၀၁၉ နေ့တွင် အလုပ်ဝင်ရောက်ပါသည်)

  • 2019-04-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မရဲ့အားလပ်ရက်တွေကို အကျိုးရှိရှိအသုံးပြုရန်နှင့် TNY Legal Myanmar မှာ ကျောင်းသားများအတွက် အလုပ်သင်အဖြစ် လုပ်ငန်းအတွေ့ကြုံများယူရန် အကောင်းဆုံးဖြစ်သောကြောင့် ဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမည့်အနာဂတ်တွင်ကျွန်မသည် မူပိုင်ခွင့်ရှေ့နေတစ်ယောက် ဖြစ်ချင်ပါသည်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ရုပ်ရှင်ကြည့်ခြင်း၊ ဇာတ်လမ်းတွဲများကြည့်ခြင်းဖြင့် ကျွန်မရဲ့အားလပ်ရက်ကို အသုံးပြုလေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မက လိုက်လျောညီထွေမှုရှိပြီး တပါးသူများရဲ့ အမြင်ကိုလည်း နားထောင်လေ့ရှိခြင်း နှင့်အသင်းအဖွဲ့အလိုက် စုပေါင်းလုပ်ဆောင်တတ်ခြင်းများမှာ ကျွန်မရဲ့အားသာချက်များဖြစ်ပါတယ်။ အားနည်းချက်ကတော့ စိတ်မရှည်ခြင်းနှင့် စိတ်ရိမ်ကြောင့်ကြစိတ်များခြင်းဖြစ်ပါတယ်။