မချိုနှင်းခင် (အလုပ်သင်အဖြစ် ၀၁.၁၀.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-10-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
SAGA ASIA က လူသိများတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ကျွန်မအနေနဲ့ အလုပ်ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံများရရှိမည်ဟု ထင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဂျပန်လူမျိုးများ၏ယဉ်ကျေးမှုနဲ့ ဘာသာစကားကို လေ့လာနိုင်မည်လည်း ဖြစ်ပါတယ်။ SAGA ASIA မှရရှိသော ကျွန်မရဲ့ပထမဆုံး လုပ်ငန်းအတွေ့အကြုံက ကျွန်မရဲ့အနာဂတ်အတွက် များစွာအထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မက ဥပဒေဘာသာရပ်နှင့် ဘဏ္ဍာရေးဆိုင်ရာဘာသာရပ်များကို မဟာတန်းဘွဲ့ရသည်ထိ တက်ချင်ပါတယ်။ နောင်လာမည့်အနာဂတ်မှာလည်း ကျွန်မက
အောင်မြင်တဲ့ အကြံပေးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
တစ်နေကုန် အိပ်တာ ဒါမှမဟုတ် ဒရမ်မာစီးရီး တွေကြည့်တာက ကျွန်မအနှစ်သက်ဆုံး အပန်းဖြေခြင်းဖြစ်ပါတယ်။ အဲ့လိုမဟုတ်ရင် တခြားသင်ရိုးပြင်ပ အကြောင်းအရာများကိုလည်း လေ့လာခြင်းဖြင့် အသုံးပြုလေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
အကောင်းမြင်တဲ့စိတ်ရှိခြင်းက ကျွန်မရဲ့အားသာချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာသိဘာသာနေတတ်ခြင်း နှင့် လူစိမ်းများနှင့်စကားပြောသည့်အခါ အနည်းငယ် ရှက်ရွံ့ခြင်းတော့ ရှိပါတယ်။ ဒါကြောင့် လူတွေကျွန်မကို ပထမဆုံးစမြင်တဲ့အခါ ကျွန်မက ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတယ်လို့ ထင်ကြပါတယ်။ ကျွန်မရဲ့ ခံစားချက်တွေကို ဖုန်းကွယ်ပြီး မထုံတက်သေး အမူအယာမျိုး ရှိခြင်းက ကျွန်မရဲ့အားနည်းချက် ဖြစ်မယ်လို့ထင်ပါတယ်။