မသန္တာနှင်း (အလုပ်သင်အဖြစ် ၀၂.၀၅.၂၀၁၈ နေ့တွင် အလုပ်ဝင်ပါသည်)

  • 2018-05-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
တည်ငြိမ်ပြီးနွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ချင်တဲ့ ကျွန်မရဲ့အိပ်မက်က ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖြစ်ဖို့တွန်းအားဖြစ်ခဲ့တာပါ။ ဂျပန်လူမျိုးတွေရဲ့ လုပ်ငန်းကျင့်ဝတ်
တွေနဲ့ သူတို့ရဲ့နေ့စဉ်လုပ်ငန်းကိစ္စရပ်တွေကို ဘယ်လိုစီမံခံ့ခွဲလည်းဆိုတာကိုလည်း သိမြင်ချင်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ဝင်ငွေအမြောက်အများဖန်တီးနိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အောင်မြင်
တဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့က ကျွန်မရဲ့အိပ်မက်ပါ။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မက ခရီးသွားရတာ နှစ်သက်ပါတယ်။ ဒါကြောင့် အားလပ်ရက်တော်တော်များများကို
နေရာအသစ်တွေလည်ပတ်ပြီး အသစ်အဆန်းတွေခံစားရင်း ကုန်ဆုံးပါတယ်။ ဂီတက ကျွန်မရဲ့စိတ်ဖြေစရာဖြစ်ပြီး သီချင်းအမျိုးအစားမျိုးစုံကို နားကြပ်တတ်နားထောင်ရတာ ကြိုက်ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
အကောင်းမြင်စိတ်ရှိတတ်တာက ကျွန်မရဲ့အားသာချက်တွေထဲကတစ်ခုပါ။ လူတိုင်းကို အကောင်းဆုံးမြင်နိုင်ဖို့အမြဲကြိုးစားပြီး ဒီကြိုးစားမှုတွေက လူတိုင်းနဲ့ ပိုပြီးရင်းနှီးဖော်ရွေ လာအောင် ပြုလုပ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ယုံကြည်မှုရှိရှိလုပ်ကိုင် နိုင်သူဖြစ်ပြီး ကျွန်မကပြုပြင်ပြောင်းလဲလွယ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေနဲ့တွေ့ဆုံရတာ၊ တခြားသူတွေနဲ့အတူ သင်ယူရရှိမှုတွေနဲ့ အမြင်တွေကိုဖလှယ်ရတာကိုလည်း သဘောကျနှစ်သက်ပါတယ်။ တာဝန်တော်တော်များများကိုပိုပြီးအာရုံစိုက်ချင်ပြီး ဒီလိုအာရုံစိုက်မှုက ကျွန်မရဲ့အခြားတာဝန်တွေကို ပိုပြီးကြိုးစားစေနိုင်ပါတယ်။