မမေမြတ်နိုး (အလုပ်သင်အဖြစ် ၀၂.၁၀.၂၀၁၇ နေ့တွင် ဝင်ရောက်ပါသည်)

  • 2017-10-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ အလုပ်အတွေ့ကြုံ လိုချင်တာနဲ့ ပိုမိုကျယ်ပြန့်တဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကိုလိုချင်တာကြောင့်
ဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာတော့ ကျွန်မက အောင်မြင်တဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ်
တစ်ယောက်ဖြစ်ချင်ပါတယ်။ ပြီးတော့ ကျွန်မကိုယ်ပိုင် ဥပဒေဆိုင်ရာလုပ်ငန်းတစ်ခုကို လည်းထူထောင်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မတဲ့အားလက်ရက်တွေမှာ ရုပ်ရှင်ကြည့်တာနှင့် သီချင်းနားထောင်လေ့ရှိပါတယ်။ တစ်ခါတစ်လေမှာလည်း ကျွန်မက နေရာအသစ်တွေကို ဒေသန္တာရဗဟုသုတ အတွက် ခရီးထွက်လေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်တွေကတော့ တာဝန်ကျေပွန်ပြီး ယုံကြည်စိတ်ချရတာပဲ ဖြစ်ပါတယ်။ အားနည်းချက်ကတော့ ရှက်တတ်ပြီး တစ်ခါတစ်လေ စိတ်ခံစားမှုလွယ်တာပဲ ဖြစ်ပါတယ်။