မခင်ယမုံဦး (အလုပ်သင်အဖြစ် ၁၆.၁၀.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-10-16


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
TNY က အနာဂတ် ဥပဒေပညာရှင် ဖြစ်မယ့် ကျောင်းသားတွေကို အထောက်အကူအရမ်းဖြစ်စေတာကို ယုံကြည်တာကြောင့်ဖြစ်ပါတယ်။
ကျွန်မအနေနဲ့လည်း ဥပဒေပညာကျောင်းသူတစ်ယောင်အနေနဲ့ law firm တစ်ခု မှာ အလုပ်သင်ဝင်လုပ်ရင်း ပညာယူဖို့ ဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မက အခုမှ တတိယနှစ်ပဲ ရှိသေးတဲ့အတွက်လေ့လာရမယ့် နယ်ပယ်တွေအများကြီးကျန်ပါသေးတယ်။
သို့သော်လည်း လတ်တလော စိတ်ဝင်စား နေတာက IP ဥပဒေပိုင်းပဲဖြစ်ပါတယ်။ အနာဂတ်မှာလည်း IP နဲ့ပတ်သတ် ပြီး လုပ်ဆောင်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ခရီးသွားရတာ သီချင်းနားထောင်ရတာ မြို့ပတ်မုန့်စားရတာ ကြိုက်ပါတယ်။

၄။ သင့်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
အားသာချက်ကတော့ မြန်မြန်လေ့လာနိုင်ပါတယ်။
အားနည်းချက်ကတော့ လူအများရှေ့စကားပြောရရင် စိတ်အရမ်း လှုပ်ရှားပါတယ်။

【Impressions after completing the internship】
မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ
ကျွန်မအတွက် TNY Legal Myanmar Co., Ltd. ကနေ အတွေ့အကြုံအသစ်တွေသာမက တကယ့်လိုအပ်တဲ့ ဥပဒေဆိုင်ရာ အသိပညာကို ရခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသူတစ်ယောက်အနေနနဲ့ ပထမဆုံး အလုပ်သင်စတင်လုပ်တာဖြစ်ပါတယ်။ ဒီ၁လခွဲအတွင်းမှာ အလွန် အသုံးဝင်တဲ့ အသိပညာများကို သင်ယူခဲ့ရပါတယ်။ အလုပ်ချိန်အတွင်းသေသေချာချာ လမ်းပြပေးခဲ့တဲ့ ကျွန်မရဲ့ metor အမများ, အကူညီလိုရင် အမြဲ ကူညီပေးခဲ့တဲ့ စီနီယာအကိုအစ်မများကို ကျေးဇူးအထူးထင်ပါတယ်။ ဘဝမှာ ပထမဆုံး အလုပ်ခွင်ရဲ့ အသိပညာကို TNY မှရရှိခဲ့ရလို့ ကျေးဇူးတင်ပါတယ်။
ဒီအခွင့်အရေးကို ရရှိခဲ့ရလို့လည်း ဂုဏ်ယူမဆုံးပါ။