မအေးငြိမ်းနိုင် (ရှေ့နေအဖြစ် ၀၁.၁၁.၂၀၁၈ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2018-11-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မရဲ့အိပ်မက်တစ်ခုက နိုင်ငံခြားဥပဒေရေးရာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရဖို့နဲ့ နိုင်ငံခြားသားရှေ့နေတွေနဲ့ အလုပ်တူတူလုပ်ခွင့်ရဖို့ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မအနေနဲ့ ဥပဒေရေးရာနယ်ပယ်အသစ်တွေကိုလေ့လာချင်ပြီး တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့သိထား
တဲ့အသိပညာတွေကို အသုံးချင်တဲ့အတွက်ကြောင့်နဲ့ SAGA ASIA ကလည်း ကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုဖြစ်တယ်လို့ ကြားသိရတဲ့အတွက်
ကြောင့် SAGA ASIA မှာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်မက ကျွမ်းကျင်တဲ့ ကော်ပိုရိတ်ရှေ့နေတစ်ယောက် ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မရဲ့အားလပ်ရက်တွေမှာ စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာနဲ့ ခရီးသွားတာတွေကို ပြုလုပ်လေ့ရှိပါတယ်။

၄။ သင့်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မကအကောင်းမြင်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အသစ်အသစ်တွေကို သင်ယူဖို့ မကြောက်ရွံ့တတ်တာက ကျွန်မရဲ့အားသာချက်ပါ။ ကျွန်မရဲ့အားနည်းချက်ကတော့ လူတွေရဲ့နာမည်ကို အလွယ်တကူမမှတ်မိတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာအား
နည်းစေပါတယ်။