မအိဖြိုးမွန် (ဥပဒေအကြံပေးအဖြစ် ၁၁.၀၆.၂၀၁၈ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2018-06-11


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မဒီကုမ္ပဏီအကြောင်းကို ဖတ်ရတဲ့အခါမှာ အလုပ်သင်အတွင်းရေးမှူးနဲ့ စကားပြန်ဆိုပြီး အလုပ်ရာထူး ၂ ခုလစ်လပ်နေတာ ကိုတွေ့ခဲ့ပါတယ်။ ကျွန်မအဲ့ဒီ ရာထူးနှစ်ခုလုံးကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ကျွန်မဒီကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မက နောင်လာမဲ့အနာဂတ်မှာ အောင်မြင်တဲ့အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ချင်ပါတယ်။ ဒါကြောင့် ခုလည်းကြိုးစားလုပ်ဆောင်နေပါတယ်။

၃။ သင်ရဲ့အားလပ်ရလက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မရဲ့အားလပ်ရက်တွေမှာ စာဖတ်တာနဲ့ ရေကူးတာတွေလုပ်ရတာ သဘောကျပါတယ်။ တစ်ခါတစ်လေတော့ ကျွန်မခရီးသွားလေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်တွေကတော့ စီမံခန့်ခွဲတာနဲ့ အစီစဉ်ဆွဲတာ မှာတော်ပါတယ်။ ကျွန်မက မြန်ဆန်စွာသင်ယူနိုင်ပြီး နားထောင်သူကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ နားထောင်သူ ပရိတ်သတ်တွေရှေ့မှာ ရပ်ရတာကို ကြောက်ရွံ့တတ်ပါတယ်။ ကျွန်မက တခြားသူတွေကိုအရမ်းကူညီတတ်ပြီး တစ်ခါတစ်လေမှာ လူတွေက ကျွန်မရဲ့အဲ့ဒီ အားနည်းချက်ကိုအသုံးချပြီး အကျိုးအမြတ် ထုတ်သွားကြပါတယ်။