မသတိုးနေနိုင် (ဥပဒေအကြံပေးအဖြစ် ၀၁.၀၄.၂၀၁၅ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2015-04-01


၁။ ဒီကုမ္ပဏီမှာသင့်ရဲ့အဓိက အလုပ်တာဝန်က ဘာပါလဲ။
ကျွန်မက ဒီကုမ္ပဏီမှာ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအနေဖြင့် လုပ်ကိုင်နေပါတယ်။ အဓိက တာဝန်တွေကတော့ ဥပဒေအစရှိသည်များအား သုသေတနပြုခြင်းနဲ့ ပူးပေါင်းဆောင်ရွက် ခြင်းများဖြစ်ပါတယ်။

၂။ အလုပ်လုပ်ရာတွင် မည်ကဲ့သို့သော အလုပ်ပုံစံများကို သင်ပိုမိုပျော်ရွှင်စွာ လုပ်ဆောင်လိုပါသလဲ။
တာဝန်ယူမှုနဲ့ စိန်ခေါ်မှုကို နှစ်သက်တယ်။ Information တွေကို တိကျစွာပေးပို့နိုင်ဖို့
အတွက် အလိုအပ်ဆုံးအချက်ဖြစ်တဲ့ နည်းစနစ်တကျလုပ်ကိုင်မှုနဲ့ တိကျသေချာမှုတွေကို နှစ်သက်ပါတယ်။ အေးချမ်းတဲ့အလုပ်ခွင်မှာ အေးအေးဆေးဆေးလုပ်ကိုင်နိုင်တာတွေနဲ့ အတူတူလုပ်ကိုင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှစ်သက်ပါတယ်။

၃။ သင့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေက ဘာတွေလဲ။
မြန်မြန်တတ်မြောက်လွယ်တယ်။ ပေးထားတဲ့တာဝန်ကို သတ်မှတ်ထားတဲ့အချိန်အတွင်း
ပြီးမြောက်ဖို့အတွက် စိတ်နှစ်ပြီးလုပ်ကိုင်တတ်တာ အားသာချက်လို့ထင်ပါတယ်။ အားနည်းချက်ကတော့ ကိုယ်တာဝန်ယူထားတဲ့ကိစ္စ အချိန်မှီ မပြီးမြောက်မှာစိတ်ပူတတ်တယ်။ စိတ်တိုလွယ်တယ်။

၄။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
အနာဂတ်မှာ ဘာဖြစ်ရမယ်ဆိုပြီး တိတိကျကျမဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီအတွေ့အကြုံတွေက ဆုံးဖြတ်ချက်ချဖို့အတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်လိမ့်မယ်
လို့ထင်ပါတယ်။

၅။ အားလပ်ရက်များမှာ မည်သည့်ကိစ္စများကိုလုပ်ရတာ သင်နှစ်သက်ပါသလဲ။
များသောအားဖြင့်အိမ်မှာဘဲ မိသားစုများနဲ့အတူ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လျှောက်လည်ရတာ နှစ်သက်ပါတယ်။