မဆုဆုထိုက် (အလုပ်သင်အဖြစ် ၀၁.၁၁.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-11-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

အဓိက SAGA ASIA မှာအလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့သောအကြောင်းအရင်းက SAGA သည် နိုင်ငံတကာဥပဒေအကြံပေးမှုကုမ္ပဏီ ဖြစ်သောကြောင့် ဥပဒေအကြံပေးမှုလုပ်ငန်းများနှင့် စီးပွားရေးဥပဒေများကို စိတ်ဝင်စားသည့်အပြင် SAGA ASIA သည် ထိုဝန်ဆောင်မှုဥပဒေ
များနှင့် စီးပွားရေးဥပဒေများကို စိတ်ဝင်စားသည့်အပြင် SAGA ASIA သည် ထိုဝန်ဆောင်မှုဥပဒေများကို ဆောင်ရွက်နေသောကြောင့် အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

ကျွန်မ၏အိပ်မက်မှာ စီးပွားရေးဥပဒေများကိုစိတ်ဝင်စားသောကြောင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သော အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်ချင်ပါတယ်။ နောက်ပိုင်းတွင် အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ပြီး ဖွင့်ဖြိုးမှုအားနည်းသောဒေသများတွင် တတ်နိုင်သလောက် ပါဝင်ကူညီချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

အားလပ်ရက်တွင် အိမ်၌မိဘများနှင့်အတူ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ များသောအားဖြင့် အိမ်၌ စာဖတ်ခြင်း၊ သတင်းဖတ်ရှုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း ဖြင့်ကုန်ဆုံးတတ်ပါသည်။ တစ်ခါတစ်ရံ အမေနှင့်အတူ ခရီးထွက်ခြင်းနှင့် သူငယ်ချင်းများနှင့်အတူ အပြင်ထွက်လေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မ၏အားသာချက်မှာ မိမိကိုယ်ကို မှီခိုအားထားခြင်းနှင့် သူငယ်ချင်းများကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်ပါတယ်။ ထို့အပြင် တာဝန်ယူလိုစိတ်လည်း ရှိပါတယ်။ ကျွန်မ၏အားနည်းချက်မှာ တင်းတိမ်ရောင့်ရဲမလည်းရှိသောကြောင့် တစ်ခါတစ်ရံ ရသင့်ရထိုက်သောအခွင့်အရေးများ ဆုံးရှုံးဖူးပါတယ်