မောငျရဲထကျကြောျ(အလုပ်သင်အဖြစ် ၂၀၁၆ နိုဝင်ဘာလတွင် စတင်ဝင်ရောက်ပါသည်)

  • 2016-11-10


၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
အချိန်အလဟဿမဖြစ်လိုသည်ကတစ်ကြောင်း ဥပဒေရုံးများရဲ့ စနစ်နဲ့ ဖွဲ့စည်းပုံကို လေ့လာလို၍က တစ်ကြောင်း စာသင်ကာလဆုံးတိုင်း ဥပဒေရုံးတစ်ရုံးရုံးမှာ အလုပ်ရှာဖွေလေ့ရှိပါတယ်။ ဒါကြောင့် ဒီကုမ္ပဏီမှာ အလုပ်သင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
အနာဂတ်အသက်မွေးဝမ်းကြောင်းနှင့် ပတ်သတ်၍ ဥပဒေဘွဲ့ရရှိထားသူတစ်ယောက်အတွက်
ရွေးချယ်စရာများသည်ကိုသိပါတယ်။ လက်တလောစဉ်းစားဖြစ်နေတာပ ဥပဒေအကြံပေး တစ်ယောက်ဖြစ်ဖို့နဲ့ အနာဂတ်မှာ ကိုယ်တိုင် ဥပဒေရုံးဖွင့်ဖို့ အကြံရှိပါတယ်။
၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
ကျွန်တော်ကအားလပ်ရက်တွေမှာ အချိန်ပိုင်းအလုပ် ဒါမှမဟုတ် အလုပ်သင် ရှာမရရင် အချိန်တွေကိုအလကားဖြုန်းတာ ခရီးသွားတာတွေလုပ်နေမဲ့အစား စာအုပ် လေး ငါးအုပ်လောက် ကုန်အောင်ဖတ်လေ့ရှိပါတယ်။
၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
ကျွန်တော်က ကိုယ်ပိုင်ဆုံးဖြတ်ချက် အပိုင်းတွင်အားသန်ပြီးအချိန်လေးစားသူတစ်ယောက်ပါ။ ပညာရေးတွင်သာမက အလုပ်ခွင်မှာလည်း စေ့စပ်သေချာသူတစ်ယောက်ပါ။ အားနည်းချက်ကတော့ ခဏခဏမစားဖြစ်တဲ့ သိပ်မရင်းနှီးတဲ့ အစားအသောက်နဲ့ပတ်သက်လာရင် ချေးများပြီး တကယ်နှစ်သက်တဲ့ အစားအစာတွေကိုတော့ လောဘတကြီးစားတတ်ပါတယ်။
နောက်ဆုံးအနေနဲ့ SAGA ASIA Consulting Company မှာ အလုပ်လုပ်ရသောအတွေ့အကြုံကို ဝေမျှချင်ပါတယ်။ ကျွန်တော့အတွက်ကတော့ ကျောင်းပြင်ပမှာ လေ့လာသင်ယူဖို့နဲ့ အချိန်ကိုအသုံးချ
ဖို့အတွက် SAGA က နေရာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။