မသီရိခေတ် (အလုပ်သင်အဖြစ် ၀၁.၀၂.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-02-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူတစ်ယောက်အနေနဲ့ သိပ်မကြာခင်မှာပဲ ကျွန်မဘွဲ့ရ
တော့မှာဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့နောက်မှာတော့ ကျွန်မက ကော်ပိုရိတ်ရှေ့နေတစ်ယောက်
ဖြစ်ချင်ပါတယ်။ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာဖို့ ကျွန်မတို့မှာ ရှေ့နေတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ ကျွမ်းကျင်မှုတွေ ပညာရပ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် ဥပဒေဆိုင်ရာ လုပ်ငန်းမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းအားဖြင့် ကျွန်မလိုချင်တဲ့ ကျွမ်းကျင်မှုတွေကို ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တကယ့်လက်တွေ့ဘဝမှာ ဖြစ်နေတဲ့ ပြသနာတွေကို တရားရင်ဆိုင် ခြင်းမှရရှိလာတဲ့ အတွေ့အကြုံတွေလည်း ကျွန်မတို့အနေနဲ့လိုအပ်ပါတယ်။ ဒီအတွေ့အကြုံတွေက ကျွန်မရဲ့ အနာဂတ်အသက်မွေးဝမ်းကြောင်းပညာရပ်မှာ တစ်နည်းနည်းနဲ့အထောက်ပံ့
ဖြစ်မယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မက နောင်လာမဲ့အနာဂတ်မှာ ထူးချွန်အောင်မြင်တဲ့ ကော်ပိုရိတ်ရှေ့နေတစ်ယောက်
ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မက စစ်တုရင်ကစားရတာနဲ့ ဘယ်နေရာကိုမဆို ခရီးသွားရတာ နှစ်သက်သဘောကျ
ပါတယ်။ ကျွန်မပတ်ဝန်းကျင်ကိုလည်း စူးစမ်ရှာဖွေရတာသဘောကျပါတယ်။ လူသစ်များနဲ့ တွေ့ဆုံတာ၊ သူငယ်ချင်းအသစ်တွေမိတ်ဖွဲ့တာ၊ ပတ်ဝန်းကျင်သစ်တွေ မတူညီကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့များကို လေ့လာရတာတွေကိုလည်းကြိုက်နှစ်သက်ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက သူငယ်ချင်းအသစ်တွေ၊ နေရာအသစ်တွေကြားမှာ လိုက်လျောညီထွေ စွာနေထိုင်တတ်တဲ့သူ၊ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အပေါ်မှာလည်း အလိုက်သင့်နေတတ်သူ၊ အခြေအနေတွေ၊ အသင်းအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အရေးကြီးတဲ့အလုပ်တွေကိုနားလည်သူ၊ တခြားသူတွေဆီကနေ အလုပ်လုပ်နေရင်း လေ့လာသင်ယူနေတတ်သူပါ။ ရိုးရိုးသားသားပြောရရင် ကျွန်မက ပေါင်းသင်းဆက်ဆံရေး
ကောင်းသူပါ။ တစ်ခါတစ်ရံတော့ တစ်ခုခုလုပ်ရန် အချိန်ဆွဲတတ်သူလည်းဖြစ်ပါတယ်။ အခု ကျွန်မ ဥပဒေနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေနှင့် ဝန်ထမ်းတွေအကြောင်း သိပ်မသိပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့လာတဲ့အခါမှာတော့ အကောင်းဆုံး ကျော်ဖြတ်သွားမှာပါ။