မမသေကျနှငျး (အလုပ်သင်အဖြစ် ၂၀၁၆ နိုဝင်ဘာလတွင် စတင်ဝင်ရောက်ပါသည်)

  • 2016-11-10


၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
ကျွန်မဒီကုမ္ပဏီမှာ အလုပ်သင်လုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့အဓိကအကြောင်းကတော့ လုပ်ငန်းအတွေ့အကြုံရယ်ဥပဒေနဲ့ပတ်သက်တဲ့ ဗဟုသုတရယ်ရရန်ဖြစ်ပါတယ်။
၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်သူ ရှေ့နေတစ်ယောက်ဖြစ်ချင်ပါတယ်။
၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
ကျွန်မရဲ့အားလပ်တဲ့အချိန်တွေမှာ ဥပဒေနဲ့ ပတ်သက်တဲ့စာအုပ်တွေဖတ်တယ်။ သီချင်းနားထောင်တယ်။ အပန်းဖြေဖို့အတွက် ဒရမ်မာဇာတ်လမ်းတွဲတွေကြည့်တယ်။ တစ်ခါတစ်ရံ အစားအစာတွေလုပ်ရတာနှစ်သက်ပြီး သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ လျှောက်လည်ရတာ သဘောကျတယ်။
၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်တွေကတော့ လိုက်လျောညီထွေနေတတ်တယ်။ အချိန်အခါအလိုက်လုပ်ဆောင် တတ်တယ်။ အလုပ်ကြိုးစားတယ်။ အချိန်တိကျတယ်။ အားနည်းချက်ကတော့ စကားပြောတဲ့အခါ အရမ်းမြန်လို့ကျွန်မပြောချင်တာကို လွယ်လွယ်နားမလည်ကြဘူး။