မပြည့်ပြည့်ဖြိုး(Myanmar Intern on 11. 2016)

  • 2016-11-10


၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
ကျွန်မ SAGA ASIA Law Firm ကို သောကြာနေ့ Seminar ကတစ်ဆင့်သိခဲ့ပါတယ်။ တက္ကသိုလ်ပိတ်ရက်အတွင်း ဘာမှမလုပ်တာထက်စာရင် Internship ဆင်းတာက ကျွန်မရဲ့ Future Career ကို အထောက်ပံ့ပေးနိုင်မယ်လို့တွေးခဲ့လို့ အခု ကျွန်မ SAGA ASIA မှာ Intern ဆင်းဖို့ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။
၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
အခုဆရာမ လုပ်မလား Corporate Lawyer လုပ်မလားဆိုတာသေချာမဆုံးဖြတ်ရသေးပါဘူး။
၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
သူငယ်ချင်းတွေနဲ့ အပြင်သွားတာကတော့ First Priority ပါ။ တစ်ယောက်တည်းဆိုရင်တော့ ဇာတ်လမ်းတွေ Variety Show တွေကြည့်တတ်ပါတယ်။
၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
အားသာချက်ကတော့ ပြောင်းလဲတဲ့အခြေအနေနဲ့ အဆင်ပြေအောင်နေနိုင်ပါတယ်။ အင်္ဂလိပ်စာကို အတိုင်းအတာတစ်ခုထိအသုံးပြုနိုင်ပါတယ်။ တစ်ခုခုကိုဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တတ်တယ်။ အားနည်းချက်ကတော့ လူတွေကိုအယုံလွယ်တာဖြစ်ပါတယ်။