မရွှေရည်သိန်း (အလုပ်သင်အဖြစ် ၀၈.၀၄.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-04-08


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ကျွန်မဟာ စိန်ခေါ်မှုများတဲ့ပတ်ဝန်းကျင်၊ အောင်မြင်တဲ့အလုပ်သင်ဘဝကို ရှာဖွေနေသူ ဖြစ်တဲ့အတွက် TNY Legal Myanmar ကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုလိုဝင်ရောက် ခဲ့ခြင်းဖြင့် အကောင်းဆုံးသော အတွေ့အကြုံများ၊ စကားပြောစွမ်းရည်များနှင့် ဘာသာစကားတိုးတက်လာမယ်လို့ ထင်ပါတယ်။ ဒီအလုပ်သင်ကာလအတွင်းဟာ ကျွန်မရဲ့အနာဂတ်အတွက် ကောင်းမွန်သော အတွေ့အကြုံများပေးမယ်လို့ ယုံကြည်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

ကျွန်မဟာ လာမည့်အနာဂတ်မှာ စီးပွားရေးနှင့်ဆိုင်သော ရှေ့နေတစ်ယောက်ဖြစ်ချင်ပါတယ်။ ဒီအိမ်မက်ဟာ ကျွန်မအတွက် စိတ်ခွန်အားများပေးတဲ့အတွက် Career Plan အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

အားလပ်ရက်တွေမှာ များသောအားဖြင့် ရုပ်ရှင်ကြည့်ခြင်းနှင့် ဇာတ်လမ်းတွဲကြည့်ခြင်းဖြင့် အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဒါပေမဲ့ အခုကစပြီး အကျိုးရှိစေမဲ့အရာများကို သင်ယူခြင်းနှင့် အရည်အသွေးကို တိုးတက်စေော သင်တန်းများတက်ရန် အသုံးပြုချင်ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မရဲ့အားသာချက်ကတော့ လုပ်ငန်းခွင်အတွင်းမှာ ကောင်းမွန်သော အကျင့်စာရိတ္တ ရှိပြီး တကယ့်ကိုလိုအပ်တဲ့အရာတွေကို ရွေးချယ်လိုက်တဲ့မည်သည့်နယ်ပယ်ကိုမဆို အာရုံစိုက်ပြီး လုပ်နိုင်ပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ မသေမသပ်လုတ်တတ်ပြီး တစ်ခါတစ်လေမှာ ကိုးရိုးကားယားနိုင်တတ်ပါတယ်။