မနန္ဒာနှင်းထွဋ် (အလုပ်သင်အဖြစ် ၀၁.၀၄.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-04-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ကျွန်မ၏သူငယ်ချင်းအကြံပေးမှုကြောင့် ဤကုမ္ပဏီတွင် အလုပ်သင် လျှောက်ခဲ့ခြင်းဖြစ်ပါတယ်။ အိမ်မှာဘာမှမလုပ်ပဲနေမည့်အစား အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်သည့်အခါ ကျွန်မအနာဂတ်အတွက် ကောင်းတဲ့အကျိုးသက်ရောက် မှုများ ရရှိမည်ဟုမျှော်လင့်သောကြောင့်ဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မ မည်သို့ဖြစ်ချင်သည်ကို ယခုတိုင်ဆုံးဖြတ်၍မရသေးပါ။ သို့သော် စီးပွားရေးဆိုင်ရာရှေ့နေ နှင့် ရာဇဝတ်မှုဆိုင်ရာရှေ့နေ တစ်ခုခုဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

ကျွန်မရဲ့အားလပ်ရက်များကိုတော့ မိသားစုနှင့်ခရီးအတူသွားခြင်းဖြင့် ကုန်ဆုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်းအိမ်မှရှိနေမယ်ဆိုလျှင် ရုပ်ရှင်ကြည့်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မသည် သင်ယူတတ်မြောက်လွယ်ကူပြီး နားထောင်ရတာကို စိတ်အားထက်သန်ပါတယ်။ မည်သို့သော အသက်အရွယ်အပိုင်းအခြား အဆင့်မျိုးမဆို ကျွန်မ စိတ်အားထက်သန်စွာနှင့် တွဲလုပ်နိုင်ပါတယ်။ သို့ပေမဲ့ ကျွန်မရဲ့အားနည်းချက်တွေကတော့ ဆုံးဖြတ်ချက်မြန်ဆန်ခြင်း၊ လူစိမ်းများနှင့် စကားပြောရမှာကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ကိုးယိုးကားယားနိုင်ခြင်းများ ဖြတ်တတ်ပါတယ်။