မမြမဉ္ဇူ (အလုပ်သင်အဖြစ် ၀၈.၀၄.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-04-08


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ကျွန်မက တက္ကသိုလ်မှာ ဥပဒေဘာသာရပ်အားစာတွေ့အဖြစ် လေ့လာသင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်လုံလောက်မှုမရှိသေးဘူးဟု ထင်သည့်အတွက်ကြောင့် သင်တို့ကုမ္ပဏီမှာ ဥပဒေရေးရာနှင့်ပတ်သတ်တဲ့ တိုးတက်မှုအခွင့်လမ်းများရရှိလာရန် ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မအတွက် ကုမ္ပဏီပိုင်းဆိုင်ရာ ဗဟုသုတများကို စီနီယာ လုပ်ငန်းကျွမ်းကျင်သူများထံမှ သင်ယူရရှိနိုင်မည်ဟုမျှော်လင့်ပါတယ်။ ဤကဲ့သို့အတွေ့အကြုံ ဗဟုသုတများကို အခြေခံ၍ ကျွန်မ၏ ကိုယ်ရည်ကိုယ်သွေးများကို တိုးတက်အောင်ဆောင်လုပ်ချင်ပါတယ်။ ဒါအပြင် လုပ်ငန်းနယ်ပယ်ကိုလဲ့ ချဲ့ထွင်ချင်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

နောင်လာမည့်အနာဂတ်တွင် ဥပဒေ ဆိုင်ရာ အကြံပေးနှင့် ရှေ့နေတစ်ယောက် ဖြစ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ဥပဒေပိုင်းဆိုင်ရာ ပြသနာများမှ ကျွန်မတတ်မြောက်ထားသောပညာများနှင့် အသုံးချ၍ ကူညီပေးချင်သဖြင့် ဖြစ်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

ကျွန်မ၏အားလပ်ရက်များကို ကခြင်း၊ စန္ဒယားတီးသင်ခြင်းနှင့် တစ်ခါတစ်ရံ စာတိုလေးများရေးခြင်းဖြင့် အသုံးပြုလေ့ရှိပါတယ်။ အားလပ်ရက်တွင် ခရီးသွားလာခြင်း ကိုလည်း ကျွန်မနှစ်သက်သဘောကျပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မရဲ့အားသာချက်တွေကတော့ အလုပ်ကြိုးစားခြင်း၊ သင်ယူ တတ်မြောက်မှု မြန်ဆန်ခြင်းနှင့် အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း တို့ဖြစ်ပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ အလုပ်တစ်ခုခုအား ပြီးမြောက်ရန် သတ်မှတ်ရက်နီးလာချိန်များနှင့် သတ်မှတ်ရက်ကျော်သွားသောအချိန်များမှာ စိတ်ဖိစီးမှုများလေ့ရှိပါတယ်။