မဟန်နီဝင်းသိန်း (အလုပ်သင်အဖြစ် ၀၂.၀၅.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-05-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ပြဌာန်းဥပဒေများနှင့် လက်တွေ့အသုံးချမှုကြားချိတ်ဆက်လိုသည့်အတွက် ကျောင်းပိတ် သည့်အချိန်တွင် Law Firm များတွင် အလုပ်သင်အဖြစ်လုပ်ကိုင်ခြင်း အသစ်အသစ် သောအရာများသင်ကြားခြင်းတို့အား ပြုလုပ်လေ့ရှိသည်။ TNY Legal Myanmar တွင် ဥပဒေဝန်ဆောင်မှုများ၊ ဥပဒေပြဌာန်းချက်များအား သုတေသနပြုလုပ်ခြင်း၊ပေါင်းစပ် ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်များအား မှတ်ပုံတင်ခြင်း၊ ဘာသာပြန်ခြင်း အစရှိသောနယ်ပယ်မျိုးစုံ ဆောင်ရွက်နေသည့်အတွက် စိတ်ဝင်စားမိပါသည်။ အလုပ်သင်များအား အလုပ်များစွာနှင့်လေ့ကျင့်သင်ကြားပေး နေကြောင်းကောင်းမွန်သည့်ဂုဏ်သိက္ခာရှိသည့် Law Firm တွင်အလုပ်လုပ်ချင်ပြီး ဂျပန်လူမျိုးများသည် အလုပ်ကြိုးစားသည့်အတွက် အသိမှတ်ပြုတတ်ကြောင်း ကြားသိရသည့်အတွက် ဖြစ်ပါသည်။ အထက်ပါအကြောင်းအရာများကြောင့် သင်၏ Law Firm တွင်အလုပ်သင်အဖြစ်လုပ်ကိုင်ရန် ရွေးချယ်ခဲ့ပြီး ကျွန်မအားသင့်အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် သဘောကျလိမ့်မည်ဟု ယုံကြည်ပါသည်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

ဥပဒေဆိုင်ရာကျွမ်းကျင့်ပြီး အောင်မြင်သည့် Corporate Lawyer ဖြစ်ချင်ပါတယ်။ Pro Bono Work များလည်း လုပ်ကိုင်ချင်ပြီး အမှုသည်များအတွက် ထိုက်တန်သည့်တရား မျှတမှုကို ယူဆောင်ပေးချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

ခရီးအများအပြားသွားလေ့ရှိပြီး အသစ်များစူးစမ်းလေ့လာလေ့ရှိပါတယ်။ အားလပ်ရက်တွင် ခရီးမသွားရပါက သူငယ်ချင်းများနှင့်လျှောက်လည်လေ့ရှိပြီး သဘောကျသည့် ကော်ဖီ ဆိုင်တွင် စာအုပ်ဖတ်လေ့ရှိပါတယ်။

၄။ သင့်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အလုပ်လုပ်သည့်ပုံစံမျိုးစုံနှင့် လိုက်လျောညီထွေ ရှိသည်။ လုပ်ကိုင်သမျှအရာအားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိသည်။ အားနည်းချက်မှာတော့ ပုဂ္ဂိုလ်ရေးဘဝတွင် ခံစားမှုထိန်းချုပ်နိုင်စွမ်းအား နည်းတတ်သည်။