မမသေူ့ခ(အလုပ်သင်အဖြစ် ၂၀၁၆ နိုဝင်ဘာလတွင် စတင်ဝင်ရောက်ပါသည်)

  • 2016-11-10

၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
ဥပဒေဆိုင်ရာအသိပညာသစ်များနှင့် လုပ်ငန်းအတွေ့အကြုံသစ်များရရှိလိုခြင်း တက္ကသိုလ်တွင် သင်ယူခဲ့သည်များကို အသုံးချလိုခြင်းကြောင့် SAGA ASIA Consulting Co., Ltd တွင် အလုပ်သင်ဆင်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်မက ဥပဒေပါမောက္ခတစ်ဦး ဖြစ်ချင်ပါတယ်။
၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
အားလပ်ရက်များတွင် များသောအားဖြင့် အမေနဲ့ အိမ်မှာနေလေ့ရှိပါတယ်။ အိမ်သန့်ရှင်းတာ ရုပ်ရှင်ကြည့်တာ သီချင်းနားထောင်တာနဲ့ အင်္ဂလိပ်စာ၊ ကိုရီးယားစာလေ့လာတာတို့ကိုလည်း အားလပ်ရက်များမှာ ပြုလုပ်လေ့ရှိပါတယ်။
၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
အကောင်းမြင်ခြင်း လုံ့လဝီရိယရှိခြင်းနဲ့ အချိန်တိကျခြင်းတို့ အားသာချက်တွေဖြစ်ပါတယ်။ ကျွန်မက သာမန်အားဖြင့် အနည်းငယ်အနေအေးပြီး စိတ်ထိခိုက်လွယ်ပါတယ်။ တစ်ခါတစ်ရံ အနည်းငယ် ဆတ်ဆတ်ထိမခံဖြစ်ခြင်းနဲ့ စိတ်မပိုင်းဖြတ်နိုင်တာ ဖြစ်တတ်ပါတယ်။