မခင်ငြိမ်းချမ်းအေး (အလုပ်သင်အဖြစ် ၀၁.၁၁.၂၀၁၇ နေ့တွင် ဝင်ရောက်ပါသည်)

  • 2017-11-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မရဲ့ တက္ကသိုလ်နှစ်ဝင်သင်တန်း အနားပေးထားတဲ့အချိန်မှာ အလုပ်သင်အနေနဲ့
လုပ်ကိုင်နိုင်ဖို့ အခွင့်လမ်းကိုရှာဖွေနေခဲ့တာပါ။ ဒါကြောင့် SAGA ASIA မှာအလုပ်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဥပဒေဆိုင်ရာ လုပ်ငန်းဆောင်တာများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိချင်ပြီး အကြံပေး ကုမ္ပဏီတစ်ခု မည်သို့မည်ပုံလည်ပတ်နေသည်ကို သိချင်တာလည်းပါပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်မက စီးပွားရေးဆိုင်ရာရှေ့နေတစ်ယောက် ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မအမြဲ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာ၊ စာဖတ်တာ၊ နေ့ဝက်ခရီးထွက်တာနဲ့ တီဗွီအစီအစဉ်တွေကိုစောင့်ကြည့်တာတွေ ပြုလုပ်ပါတယ်။ တစ်ခါတစ်လေ ကျွန်မမိသားစု
နဲ့ခရီးထွက်တာလည်းရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက သင်ယူမှုမြန်ဆန်သူ၊ အချိန်မှန်တိကျသူနှင့် တီထွင်ဖန်တီးမှုကောင်းသူပါ။ စိတ်မရှည်တာနဲ့ တိတ်ဆိတ်စွာနေတတ်တာကတော့ ကျွန်မရဲ့အားနည်းချက်တွေပါ။