မောင်အောင်ကောင်းမြတ် (အလုပ်သင်အဖြစ် ၀၁.၁၁.၂၀၁၇ နေ့တွင် စတင်ဝင်ရောက်သည်)

  • 2017-11-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်တော် SAGA ASIA မှာအလုပ်သင်အနေနဲ့လျှောက်ဖို့ဆုံးဖြတ်ခဲ့တာက ဥပဒေအကြံပေး ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းဆောင်တာများနဲ့ လည်ပတ်လှုပ်ရှားမှု တွေကိုလေ့လာချင်တာကြောင့်ဖြစ်ပါတယ်။ ကျွန်တော်က ရင်းနှီးမြှုပ်နှံမှုနဲ့ စာချုပ်စာတမ်းဆိုင်ရာ ဥပဒေတွေကို စိတ်ဝင်စားပါတယ်။ ဒါကြောင့် SAGA ASIA မှာကျွန်တော် သိချင်တဲ့အရာတွေကို လေ့လာနိုင်မယ်လို့ ယုံကြည်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်တော်က နောင်လာမည့်အနာဂတ်မှာ ကိုယ်ပိုင်စီးပွားရေးအဖြစ် ဥပဒေအကြံပေး ကုမ္ပဏီတစ်ခုတည်ထောင်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
အားလပ်ရက်တွေမှာ လုပ်စရာထွေထူးမရှိဘူးဆိုရင်တော့ အိမ်အလုပ်တွေလုပ်တာ၊ စာဖတ်တာ၊ သူငယ်ချင်းတွေနဲ့ ချိန်းတာ၊ အင်တာနက်ဂိမ်းဆော့တာတွေ ပြုလုပ်လေ့ရှိ
ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်တော်က အလုပ်ကြိုးစားပြီး အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်က စဉ်းစားတွေးခေါ်တတ်သူလည်းဖြစ်ပါတယ်။ ကျွန်တော့ရဲ့အားနည်းချက်ကို
ပြောရမယ်ဆိုရင်တော့ ကျွန်တော်က ခံစားလွယ်တတ်သူဖြစ်ပါတယ်။ လွယ်လွယ်ပျော်ရွှင်
တတ်ပီး လွယ်လွယ်ဝမ်းနည်းတတ်သူပါ။