မအင်ကြင်းမြတ်မွှေး (အလုပ်သင်အဖြစ် ၀၂.၀၅.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-05-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ဘွဲ့မရခင် အလုပ်အတွေ့အကြုံလိုချင်သည့်အပြင် YUFL မှ J-Sat နှင့်မိတ်ဆက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် TNY Legal Myanmar မှ အလုပ်သင်အဖြစ် လက်ခံခဲ့ကြောင်း သိခဲ့ရသည်။ ဂျပန်ဘာသာအား Major အဖြစ်မရွေးချယ်ခင်က ဥပဒေအား စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် TNY Legal Myanmar Company တွင် အလုပ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
JCCA Part-1 အောင်လက်မှတ် ရထားပြီးဖြစ်သောကြာင့် အောင်မြင်သော စာရင်းကိုင်တစ်ယောက် ဖြစ်ချင်ပါသည်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

အခြားနိုင်ငံ အထူးသဖြင့် ကမ်းခြေများသွား၍လည်ပတ်ခြင်းအား ကြိုက်နှစ်သက်ပါသည်။

၄။ သင့်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

အသစ်များလေ့လာခြင်းကို ကြိုက်နှစ်သက်ပါသည်။ စိတ်ရှည်သည်းခံ၍ အကောင်းဆုံး လုပ်ဆောင်လေ့ရှိပါတယ်။ သို့သော် လူသစ်များနှင့်ပြောဆိုဆက်ဆံရာမှာ အနည်းငယ် ရှက်ရွံ့တတ်ပါတယ်။ တစ်ခါတစ်ရံ လူအများစိုက်ကြည့်နေပါက စကားမပြောနိုင်တာမျိုး လည်းဖြစ်တတ်ပါတယ်