မသီရိမေသူ (အလုပ်သင်အဖြစ် ၀၁.၁၁.၂၀၁၇ နေ့တွင် ဝင်ရာက်ပါသည်)

  • 2017-11-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မသူငယ်ချင်းတစ်ယောက်က SAGA ASIA မှာအလုပ်သင်အဖြစ်လုပ်ခဲ့ဖူးပြီး သူပြောပြတာကြောင့် SAGA ASIA အကြောင်းကိုသိခဲ့ရတာပါ။ ပြီးတော့ ကျွန်မကလည်း ဥပဒေဆိုင်ရာ နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဆင်းဖို့ ရှာဖွေနေခဲ့တာပါ။ ကျွန်မရဲ့ အရင်အလုပ်သင်ဆင်းခဲ့တဲ့ကုမ္ပဏီက ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တယ်။ ကျွန်မက စီးပွားရေးဆိုင်ရာဥပဒေတွေကိုလည်း စိတ်ဝင်စားတယ်။ ဒါကြောင့် ကျွန်မဒီကို အလုပ်သင်အနေနဲ့ အတွေ့ကြုံသစ်တွေလိုချင်လို့ လာဖို့ဆုံးဖြတ်ခဲ့တာပါ။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်မက စာပေအနုပညာဆိုင်ရာနဲ့ မူပိုင်ခွင့် အထူးပြု အကြံပေး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
အားလပ်ရက်တွေမှာ စာဖတ်တာနှင့် ရုပ်ရှင်ကြည့်တာတွေကို ပြုလုပ်ပါတယ်။ စာရေးတာနဲ့ ဓာတ်ပုံရိုက်တာကိုလည်း ကျွန်မနှစ်သက်သဘောကျပါတယ်။ ကျွန်မမှာဘာမှလုပ်စရာမရှိ
ရင်အားလပ်ရက်တွေမျာ အရမ်းပျင်းပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက အသစ် အသစ်တွေလေ့လာရတာကို စိတ်အားထက်သန်ပါတယ်။ အဲ့ဒါကတော့ ကျွန်မရဲ့ကောင်းမွန်တဲ့ အကျင့်တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ ကျွန်မရဲ့အားနည်းချက်က
စိတ်တိုလွယ်တဲ့သူနဲ့ တာဝန်ယူမဲသူတွေနဲ့ အလုပ်လုပ်တဲ့အခါ သိပ်မတော်ပါဘူး။ အဲ့လိုလူမျိးတွေကိုလည်း ကျွန်မသီးမခံနိုင်တဲ့ အဲ့လိုလူမျိုးတွေနဲ့ ခင်မင်မှုမျိုးလည်း ရှိခဲ့ပါတယ်။မတူကွဲပြားခြားနား တဲ့သူတွေနဲ့ ပတ်ဝန်းကျင်တစ်ခါထဲမှာ အလုပ်လုပ်ရတာ တစ်ကယ့်ကိုဆိုးရွားတဲ့ ပြသနာရပ်ပါ။