မသိမ့်စန္ဒီ (အလုပ်သင်အဖြစ် ဧပြီလ ၂၀၁၇ တွင် ဝင်ရောက်ပါသည်)

  • 2017-04-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ရခြင်းက မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီတစ်ခု ဘယ်လိုစီးပွားရေးလုပ်နေတယ်ဆိုတာကို သိချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ပြီးတော့ လုပ်ငန်းကျွမ်းကျင်သူများရဲ့ နယ်ပယ်ကနေ အတွေ့အကြုံကောင်းတွေလိုချင်တာကြောင့်
လည်းပါပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်မက ပိုက်ဆံအမြောက်အများရှာဖွေနိုင်တဲ့ အောင်မြင်တဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မရဲ့အားလပ်ရက်တွေမှာ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ခရီးထွက်တတ်ပါတယ်။ ပြီးတော့ အိမ်မှာနေပြီး ရုပ်ရှင်ကြည့်တာကလည်း ကျွန်မရဲ့အားလပ်ရက်တွေကို ဖြတ်သန်းတဲ့ နည်းတစ်မျိုး ဖြစ်ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်တွေကတော့ အချိန်တိကျသေချာတာ၊ ခင်မင်တတ်တာနဲ့ တီထွင်ဖန်တီးမှုကောင်းတာတို့ပဲဖြစ်ပါတယ်။ ကျွန်မမှာ လူအများနဲ့ ပြောဆိုဆက်ဆံတတ်
တဲ့ အရည်အချင်းလဲရှိပါတယ်။ အကောင်းမြင်လွန်းတာနဲ့ လူတွေကို အယုံလွယ်လွန်းတာက ကျွန်မရဲ့ကြီးမားတဲ့အားနည်းချက်တွေပါ။