မဝတ်မှုံဖူး (အလုပ်သင်အဖြစ် ၀၁.၁၁.၂၀၁၇ နေ့တွင် ဝင်ရောက်ပါသည်)

  • 2017-11-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မအတွက် လုပ်ငန်းအတွေ့အကြုံတွေ၊ ဥပဒေရေးရာ ဗဟုသုတတွေ၊ ဥပဒေအကြံပေးကုမ္ပဏီတစ်ခုရဲ့အလုပ်လုပ်ပုံတွေကို သိချင်လေ့လာချင်တာကြောင့်
ကျွန်မဒီကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောက်လာမဲ့အနာဂတ်မှာ ကျွန်မက အောင်မြင်တဲ့ တရားသူကြီးတစ်ယောက် ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မရဲ့အားလပ်ရက်တွေမှာ စာဖတ်တာ၊ ရေကူးတာ၊ တီဗွီကြည့်တာနဲ့ သူငယ်ချင်းတွေနဲ့ အပြင်သွားတာမျိုးတွေ ပြုလုပ်တတ်ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက ဆုံးဖြတ်နိုင်စွမ်းရှိသူပါ။ အချိန်တော်တော်များများမှာ ပြီးပြည့်စုံမှုနဲ့ ရယူနိုင်မှုကိုနှစ်သက်သဘောကျပါတယ်။ ပြီးတော့ အတွေးခေါ်ကောင်းသူ၊ အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အတွေးလွန်တာ၊ အသေးစိတ်ကို အရမ်းဂရုစိုက်တာနဲ့ ခေါင်းမာတာတွေကတော့ ကျွန်မရဲ့အားနည်းချက်တွေပါ။