မဟေမာ (အလုပ်သင်အဖြစ် မေလ ၂၀၁၇ တွင် ဝင်ရောက်ပါသည်)

  • 2017-05-01


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းပညာရပ်အတွက် အထောက်ပံ့ပေးနိုင်မဲ့ အတွေ့အကြုံ လိုချင်ပါတယ်။ ပြီးတော့ ဥပဒေ Firm တစ်ခုမှာလည်း အလုပ်လုပ်ဖို့စိတ်ဝင်စားပါတယ်။ ဒါကြောင့် ကျွန်မဒီကုမ္ပဏီမှာ အလုပ်သင်အဖြစ်ဆုံးဖြတ်ခဲ့တာပါ။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်အနာဂတ်မှာ ဘာဖြစ်မလဲသိပ်တော့မသေချာပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်မစီးပွားရေးဆိုင်ရာရှေ့နေတစ်ယောက် ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
စာဖတ်တာနဲ့ လူမှုရေးအသင်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်ကတော့ လိုက်လျေညီထွေနေနိုင်တဲ့ ပင်ကိုယ်စရိုက်ရှိပြီး အသစ် အသစ်တွေကို ပြုလုပ်ရန် စိတ်ဝင်စားမှုလည်းရှိပါတယ်။ အားနည်းချက်ကတော့ တစ်ဖက်လူတွေကို အယုံလွယ်တတ်ပြီး အတွေးလွန်တာတွေပဲဖြစ်ပါတယ်။