မသဲစုနဒီ (အလုပ်သင်အဖြစ် ၁၀.၀၄.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-04-10


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ဥပဒေအကြံပေးကုမ္ပဏီတစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လည်ပတ်ပုံတွေကို သိချင်တဲ့
အတွက်ကြောင့် ကျွန်မ SAGA ASIA ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ ကျွန်မ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သတ်တဲ့ ဥပဒေတွေနဲ့ စာချုပ်စာတမ်းဆိုင်ရာ ဥပဒေများကို ကျွန်မသိထားတာထက်ပိုပြီး လေ့လာနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မက နောင်လာမဲ့အနာဂတ်မှာ စီးပွားရေးနဲ့ပတ်သတ်တဲ့ ရှေ့နေတစ်ယောက် ဖြစ်ချင်
ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ရုပ်ရှင်ကြည့်တာနဲ့ စာဖတ်တာကိုတော့ ကျွန်မပုံမှန်လုပ်ဖြစ်ပါတယ်။ ကျွန်မအမေနဲ့အတူ ဈေးဝယ်ထွက်တာကိုလည်း သဘောကျပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက အရှုံးပေးတာကို သဘောမကျပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်ပြီး တီထွင်ဖန်တီးမှု ကောာင်းတဲ့သူတစ်ယောက်ပါ။ ကျွန်မရဲ့အားနည်းချက်ကတော့ စိတ်ခံစားမှုလွယ်ခြင်း
ဖြစ်ပါတယ်။