မဆုရည်မွန်နိုင် (ဘာသာပြန်အဖြစ် ၀၆.၀၃.၂၀၁၇ နေ့တွင် စတင်ဝင်ရောက်ပါသည်)

  • 2017-03-06


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ဥပဒေဆိုင်ရာ ဘာသာပြန်များကို သင်ယူလေ့လာချင်တာကြောင့် ကျွန်မ TNY Legal Myanmar Company အလုပ်ဝင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မက နယ်ပယ်အမျိုးမျိုးမှာ ကျွမ်းကျင်တဲ့ဘာသာပြန်နဲ့ သင်တန်းနည်းပြတစ်ယောက်
ဖြစ်ချင်ပါတယ်။ ဘာသာစကားများစွမှာလည်း ကျွမ်းကျင်တဲ့သူဖြစ်လာအောင် အာရုံစိုက် နှစ်မြှုပ်ထားပါတယ်။ နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှုနဲ့ လူတွေကိုသူတို့ရဲ့ရည်မှန်းချက်
ပန်းတိုင်တွေကို ရယူနိုင်ရန် များစွာကူညီနိုင်မည်ဟု ကျွန်မယုံကြည်သလို ကျွန်မရဲ့ ပတ်ဝန်းကျင်ကသူတွေကိုလည်း နိုင်ငံခြားဘာသာစကားလေ့လာမှုမှာ တိုးတက်စေချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မရဲ့အားလပ်ချိန်အများစုကို စာဖတ်တာနဲ့ အင်တာနက်အသုံးပြုတဲ့နေရာတွေမှာ အသုံးပြုလေ့ရှိပါတယ်။ အင်္ဂလိပ်ဘာသာ ဝတ္တုများဖတ်ရတာကို ကျွန်မစွဲလမ်းပါတယ်။
နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ နေ့လေးမှာ အိမ်ထဲမှာ စာအုပ်ကောင်လေးတစ်အုပ်ရှိနေခြင်းက ကျွန်မအတွက်တော့ နိဗ္ဗာန်ပါပဲ။ တခြားနိုင်ငံတွေ
ရဲ့ အကြောင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေနဲ့ လေယူလေသိမ်းတွေကို Documentaries ရိုက်ကူးထားတာတွေကို ကြည့်ရတာ နှစ်သက်ပါတယ်။ တစါတစ်လေမှာ သူငယ်ချင်းတွေနဲ့အတူ အပြင်သွားတာ၊ ခရီးသွားတာတွေလည်းမှာလည်း အားလပ်ရက်တွေကို အသုံးပြုလေ့ရှိပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက နကိုတည်းက မြန်ဆန်ပြီး စိတ်ပါဝင်စားစွာ သင်ယူလေ့လာတတ်သူပါ။ လုံ့လဝိရိယရှိမှုနဲ့ တာဝန်ယူတတ်မှုက ကျွန်မရဲ့ ပင်ကိုယ်စရိုက်ဖြစ်ပါတယ်။ ကျွန်မက လိုက်လျောညီထွေစွာနေထိုင်တတ်သူဖြစ်ပြီး လူအများရဲ့ သဘောထားကွဲလွဲချက်တွေကို
လည်း ထည့်သွင်းစဉ်းစားပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်မရဲ့လိုက်လျောညီ
ထွေနေထိုင်တတ်တဲ့ ပင်ကိုယ်စရိုက်မှအပ အလုပ်နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ စိတ်နေသဘောထားရှိတာက ကျွန်မကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့သူ တစ်ယောက်ဖြစ်စေပါတယ်။ ပြီးတော့ ကျွန်မရဲ့လုပ်ငန်းတာဝန်တွေကိုပြီးမြောက်ဖို့ တခြားသူတွေရဲ့ အကူအညီနဲ့ အခက်ခဲတွေကို အမြဲရှာဖွေတတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကုမ္ပဏီက ကျွန်မရဲ့လက်ရှိရာထူးနဲ့ ထောက်ပံ့အားပေးတဲ့ အလုပ်ပတ်ဝန်းကျင်က အဖွဲ့လိုက်လိုက်လုပ်ဆောင်တတ်တဲ့ စွမ်းရည်ရှိတဲ့သူတွေက ကျွန်မကို ကူညီပေးပြီး၊ မည်သို့မည်ပုံ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်နဲ့ ကျွမ်းကျင်စွာပြီးမြောက်နိုင်ရန် တာဝန်ခွဲဝေပေးရမည်ကိုလည်း များစွာလေ့လာခဲ့ရပါတယ်။