မသီသီဟန် (အလုပ်သင်အဖြစ် ၂၀၁၆ ဧပြီလတွင် စတင်ဝင်ရောက်ပါသည်)

  • 2016-04-10

၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
ကျွန်မအထင်တော့ စာကြိုးစားခြင်းနဲ့ အလုပ်ကြိုးစားခြင်းက ကွာခြားပါတယ်။ ကျွန်မက ၄ နှစ်နီးပါး စာကြိုးစားခဲ့တာပါ။ ဒါကြောင့် အခုချိန်က အလုပ်အတွေ့ကြုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းခွင် အကြောင်းတွေကို လေ့လာဖို့အချိန်တန်ပြီလို့ ကျွန်မထင်ပါတယ်။
၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်မက ကောင်းမွန်တဲ့ ကော်ပိုရိတ်ရှေ့နေတစ်ယောက်ဖြစ်ချင်ပြီး အထူးသဖြင့်ဝင်ငွေနည်းပါးသောသူများအတွက် ဥပဒေရေးရာများကို အခမဲ့ရှေ့နေ
အဖြစ်လူတွေကိုကူညီပြီး လိုက်ပါဆောင်ရွက်ပေးနိုင်တဲ့အလုပ်များကို လုပ်ချင်ပါတယ်။
၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
ကျွန်မရဲ့အားလပ်ရက်တွေကို လူတွေအကြောင်းလေ့လာခြင်း၊ တက္ကသိုလ်မှာမသင်ကြားနိုင်
တဲ့လုပ်ငန်းအတွေ့အကြုံများ စတာတွေအတွက် အသုံးပြုပါတယ်။
၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
လိုက်လျောညီထွေနေထိုင်တတ်ခြင်း၊ ပတ်ဝန်းကျင်နဲ့လိုက်ပြီး ပြုပြင်ပြောင်းလဲနိုင်ခြင်း၊ တက်ကြွ၍ သင်ယူမှုမြန်ဆန်ခြင်းတွေက ကျွန်မဲရဲ့အားသာချက်တွေပါ။ ကျွန်မရဲ့အားနည်းချက်ကတော့ ရှက်တတ်တာပဲဖြစ်ပါတယ်။