မသီတာဆှေ (အလုပ်သင်အဖြစ် ၂၀၁၆ မေလတွင် စတင်ဝင်ရောက်ပါသည်)

  • 2016-05-10

၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
အလုပ်သင်ဆိုတာ အလုပ်လုပ်ဖို့အတွက် ပထမဆုံးခြေလှမ်းလို့ ထင်ပါတယ်။ ကျွန်မ Consulting Company မှာ အလုပ်လုပ်ဖို့ရည်ရွယ်ထားတာကြောင့် ဒီကုမ္ပဏီမှာအလုပ်သင်
ဆင်းဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲ့လိုရွေးချယ်ဖို့အကြောင်းရင်းတွေလဲ ရှိပါတယ်။ ပထမဆုံးအနေနဲ့ကတော့ ကျွန်မတက္ကသိုလ်မှာ သင်ကြားခဲ့တဲ့ပညာတွေကို လက်တွေ့ပြန်လည်အသုံးချချင်လို့ပါ။ SAGA ASIA က ဂျပန်ကုမ္ပဏီဖြစ်တာကြောင့် ကျွန်မအတွက်အဆင်ပြေသွားပါတယ်။ နောက်ပြီး ဝန်ထမ်းအများစုက အင်္ဂလိပ်စကားပြောတာကြောင့် အင်္ဂလိပ်စာကိုသဘောကျပြီး မမေ့ချင်တဲ့ကျွန်မက ဒီကုမ္ပဏီကိုရွေးချယ်ခဲ့တာပါ။ နောက်ပြီး ရုံးခန်းရှိရာ လပြည့်ဝန်းပလာဇာက မြို့ထဲမှာပဲရှိတာကြောင့် သွားရလာရတာအဆင်ပြေပါတယ်။

၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ အရမ်းအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်
ပါတယ်။ ကျွန်မဝါသနာပါတဲ့အရာတွေများပါတယ်။ ဒါကြောင့် နေရာတော်တော်များများမှာ အတွေ့အကြုံ ယူချင်ပါတယ်။ ထိုအတွေ့အကြုံများနဲ့ ဗဟုသုတများက ကျွန်မရဲ့ရည်မှန်းချက်အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
ပိတ်ရက်တွေမှာ စာဖတ်ခြင်း၊ အင်တာနက်သုံးခြင်း၊ ကွန်ပြူတာသုံးခြင်း၊ Hand Made များပြုလုပ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂီတာတီးခြင်း၊ စသဖြင့်တော်တော်များများလုပ်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အပြင်ထွက်လည်ခြင်း၊ အပြင်ထွက်စားခြင်းတို့လည်း လုပ်ဖြစ်ပါတယ်။

၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်း၊ မြတ်နိုးလေးစားခြင်းတို့
ဖြစ်တယ်။ ကျွန်မကဘယ်အရာမဆို ဂရုတစိုက်လုပ်တတ်တယ်။ အမှန်တိုင်းပြောရရင် ကျွန်မရဲ့အားနည်းချက်က ဘာဆိုတာ သေချာမပြောတတ်ပါဘူး။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေလို့ပါ။ ကျွန်မရဲ့အားသာချက်လို့ ထင်ထားတာတွေကလည်း တစ်ခါတစ်လေမှာ သူတစ်ပါးကိုအနှောက်ယှက်ဖြစ်စေမလားမသိပါဘူး။ ကျွန်မရဲ့အချိန်တွေကို ဖြုန်းတဲ့သူတွေကို သဘောမကျပါဘူး။ အဲ့ဒါကြောင့် ကျွန်မရဲ့အားနည်းချက်ကစိတ်မရှည်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော်ကျွန်မလုပ်ဆောင်တဲ့အရာတွေနဲ့ လုပ်ရမဲ့ လုပ်သင့်တဲ့အရာတွေ အတွက်တော့ စိတ်ရှည်ပါတယ်။