မောငျသူရအောငျ (အလုပ်သင်အဖြစ် ၂၀၁၆ ဧပြီလတွင် စတင်ဝင်ရောက်ပါသည်)

  • 2016-04-10

၁။ သင်ဘာကြောင့်ကျွန်ုပ်တို့ကုမ္ပဏီမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့တာလဲ။
နိုင်ငံရေးကိုစိတ်ဝင်စားတဲ့အလျောက် ဥပဒေရေးရာများနဲ့ ပတ်သတ်လို့ အတွေ့အကြုံတွေ ရရှိနိုင်တဲ့ အတွက်ကြောင့် ကျွန်တော့အတွက်အကျိုးရှိပါတယ်။ နောက်ပြီး ဒီလုပ်ငန်းခွင်အတွက်လည်း ကျွန်တော်အတတ်နိုင်ဆုံး အကူညီပေးချင်ပါတယ်။ နောက်ထပ်အကြောင်းအရင်းကတော့ ကျွန်တော့ သူငယ်ချင်းတွေဆီက ဒီလုပ်ငန်းရဲ့ကောင်းသတင်းတွေကို ကြားထားတာကြောင့်ပါ။

၂။ သင်ကနောင်လာမဲ့အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ။
နောင်လာမဲ့အနာဂတ်မှာ ကျွန်တော်က နိုင်ငံရေးသမား တစ်ယောက်ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။
မတတ်နိုင်တဲ့ကလေးတွေ ကျောင်းသားလေးတွေကို အတတ်နိုင်ဆုံးအခမဲ့စာသင်ပေးပါ
တယ်။ ပြီးတော့စာဖတ်တယ်။ ဘောလုံးလဲကန်ပါတယ်။

၄။ သင်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
ကျွန်တော်က ပတ်ဝန်းကျင်အသစ်မှာ အလျင်အမြန်အသားကျနိုင်ပါတယ်။ ဒါပေမဲ့ စကားပြောသိပ်မြန်တဲ့အတွက် လူတစ်ချို့ဟာ ကျွန်တော်ပြောတာသိပ်နားမလည်ကြဘူး။ နောက်ပြီး ကျွန်တော်က အလွန်အမင်းစိတ်ပူတတ်ပြီးတော့ကျွန်တော်တည်တည်ငြိမ်ငြိမ်
ဖြေရှင်းတတ်ဖို့လိုပါတယ်။