မမေသဇင်မြင့် (အလုပ်သင်အဖြစ် ၂၄.၀၁.၂၀၁၈ နေ့တွင် အလုပ်ဝင်ရောက်ပါသည်)

  • 2019-01-24


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ကျွန်မ၏စာတမ်းများပြုစုရင်းနှင့် တစ်ဖက်မှာလည်း အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင် နိုင်မည့်အခွင့်အရေးကိုရှာဖွေနေခဲ့ခြင်းဖြစ်သောကြောင့် ကျွန်မမှ အလုပ်ဝင်ရောက်ဖို့
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မမှ ဥပဒေအကြံပေးကုမ္ပဏီတစ်ခု မည်သို့မည်ပုံလည်ပတ်လုပ်ကိုင်နေသည်ကို သိချင်ခြင်းနှင့် ပိုမိုကြီးမားသော ပေါင်းသင်း
ဆက်ဆံရေးနယ်ပယ်မှ လုပ်ငန်းအတွေ့အကြုံများကို လိုချင်သောကြောင့်ဖြစ်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။

နောင်လာမည့်အနာဂတ်တွင် ကျွန်မသည် နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် စီးပွားရေးဆိုင်ရာ
ရှေ့နေတစ်ယောက် ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။

ပုံမှန်အားဖြင့် ကျွန်မရဲ့အားလပ်ရက်များကို စာဖတ်ခြင်း၊ အိမ်အလုပ်လုပ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကျွန်မ၏ကြောင်လေးများနှင့်ကစားခြင်းနှင့် သူငယ်ချင်းများနှင့်
အတူ အပြင်ထွက်စားခြင်းများဖြင့် ကုန်ဆုံးလေ့ရှိပါသည်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။

ကျွန်မရဲ့အားသာချက်များကတော့ ဘယ်တော့မှအရှုံးမပေးခြင်း၊ အလုပ်ကြိုးစားခြင်း၊ သင်ယူမှုမြန်ဆန်ခြင်း နှင့် လိုက်ရောညီထွေ နေထိုင်တတ်ခြင်းများဖြစ်ပါတယ်။ အားနည်းချက်များကတော့ လူတွေကိုယုံကြည်လွန်းခြင်း၊ စိတ်ခံစားမှုလွယ်ခြင်း၊ အတွေးနယ်လွန်ခြင်းနှင့် လူစိမ်းများနှင့်စကားပြောရသည်မှာကြောက်ရွံ့ခြင်းတို့ ြ