မမြသန္တာကျော် (အလုပ်သင်အဖြစ် ၂၁.၁၀.၂၀၁၉ နေ့တွင် ဝင်ရောက်ပါသည်)

  • 2019-10-21

၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
လုပ်ငန်းနဲ့ပတ်သက်သောအတွေ့အကြုံရချင်လို့ပါ။ TNY Legal Myanmar က ကူညီထောက်ပံ့ပေးမယ်လို့ ထင်ပါတယ်။ ဥပဒေနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုလည်းရှိတာကြောင့် TNY Legal Myanmar က အခွင့်အလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။

၂။ သင်နောင်လာမည့် အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
လုပ်ငန်းတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ကိုယ်ပိုင်အလုပ်အကိုင်နဲ့ အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ပိတ်ရက်တွေမှာ ရုပ်ရှင်ကြည့်ခြင်း သတင်းအချို့ဖတ်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။ အကယ်၍ ပိတ်ရက်ရှည်ရလျှင် မိသားစုနှင့်အတူ ကမ်းခြေကဲ့သို့ နေရာမျိုးတွေဆီ ခရီးထွက်လေ့ရှိပါတယ်။

၄။ သင့်ရဲ့အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
အားသာချက်ကတော့ လူအများနှင့် ကောင်းမွန်စွာပေါင်းသင်းဆက်ဆံနိုင်ခြင်း၊ လိုက်လျောညီထွေမှုရှိခြင်း တို့ဖြစ်ပါတယ်။ အားနည်းချက်ကတော့ ပူလောင်ပြီး ဆူညံသော နေရာတွင် အာရုံစုစည်းထားမှု လျော့သွားခြင်း ဖြစ်ပါတယ်။