မရွှန်းလဲ့ဦး (အလုပ်သင်အဖြစ် ၀၂.၀၄.၂၀၁၈ နေ့တွင် အလုပ်ဝင်ရောက်ပါသည်)

  • 2018-04-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
ကျွန်မက နိုင်ငံတကာဆက်ဆံရေးကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ ဥပဒေဘာသာရပ်ကိုလည်း အဓိကဘာသာရပ်အဖြစ် သင်ကြားခဲ့ပါတယ်။ ဒါကြောင့် ကျွန်မဒီကုမ္ပဏီမှာ ဗဟုသုတနဲ့ အတွေ့ကြုံကောင်းတွေကို လိုချင်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
နောင်လာမည့်အနာဂတ်မှာ ကျွန်မသံရုံးတစ်ခုခုမှာ အလုပ်လုပ်ချင်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မက သီချင်းနားထောင်ရတာနဲ့ စာဖတ်ရတာကို နှစ်သက်သဘောကျပါတယ်။
၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မရဲ့အားသာချက်ကတော့ အချိန်တိကျမှန်ကန်တာပဲဖြစ်ပါတယ်။ ကျွန်မအမြဲတမ်း ချိန်းဆိုတွေ့ဆုံမှုတွေမှာ အချိန်တိကျမှန်ကန်စွာ ရောက်လေ့ရှိပါတယ်။ ကျွန်မရဲ့အားနည်းချက်ကတော့ စိုးရိမ်ကြောက်ရွံ့တတ်တာပဲ ဖြစ်ပါတယ်။