မနွယ်မွန်မွန်ဦး (အလုပ်သင်အဖြစ် ၀၂.၀၅.၂၀၁၈ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-05-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။
တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူတစ်ယောက်အနေဖြင့် ကျွန်မရဲ့အနာဂတ်အသက်မွေး ဝမ်းကျောင်းပညာရပ်အတွက် အလုပ်သင်အတွေ့အကြုံအဖြစ် ရှိထားသင့်တယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ဥပဒေကျောင်းသားတစ်ယောက်အနေဖြင့် စီးပွားရေးဆိုင်ရာ ဥပဒေအခန်းကဏ္ဍများကိုလည်း စိတ်ပါဝင်စားမှုရှိပြီး အနာဂတ်မှာလည်းစီးပွားရေးဆိုင်ရာ ရှေ့နေတစ်ယောက်ဖြစ် အသက်မွေးရန် အစီစဉ်ရှိပါတယ်။ SAGA ASIA ကုမ္ပဏီက ကျွန်မရဲ့သူငယ်ချင်းတွေကြားမှာ ဂုဏ်သတင်းကျော်ကြားပြီး ကောင်းမှုစွာသင်ကြား ပြသ
ပေးတဲ့အလုပ်သင်အစီအစဉ်တွေလည်း ရှိသည်ဟုကြားသိရသောကြောင့် ကျွန်မရဲ့ ပထမဦးဆုံးအလုပ်သင်အဖြစ် လုပ်ငန်းအတွေ့အကြုံကို ဒီကုမ္ပဏီမှာ ရယူမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မမှာ အိပ်မက်နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ အောင်မြင်တဲ့ စီးပွားရေးဆိုင်ရာ
ရှေ့နေတစ်ယောက်လက်တွေ့ဖြစ်လာဖို့ပါ။ ဒုတိယတစ်ခုကတော့ စိမ်ခေါ်မှုတွေ အထောက်အပံ့ကောင်းတွေများစွာဖြင့် နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ဥပဒေဆိုင် ပါမောက္ခတစ်ယောက် ဖြစ်ဖို့ပဲဖြစ်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
ကျွန်မအိမ်မှာနေပြီး ကျွန်ရဲ့အချိန်တွေကို မိသားစုနဲ့ ကုန်ဆုံးရတာ ပိုနှစ်သက်ပါတယ်။ ဒါမဲ့ နောက်ပိုင်းမှာတော့ ကျွန်မရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ရန်လိုအပ်လာပြီ ဟုခံစားမိသည့်အတွက် လူမှုရေးအသင်းအဖွဲ့များ၏ လှုပ်ရှားမှုများမှာပါဝင်နိုင်ရန် ကြိုးစားလာခဲ့တယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
ကျွန်မက ဘာမဆိုစိတ်ပါဝင်စားမှုရှိတယ်၊ အမှီခိုကင်းတယ်၊ ပြီးတော့ ကျွန်မမှာ ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ပုံစံရှိပါတယ်။ ကျွန်မရဲ့အားနည်းချက်တွေကတော့ တစ်ခါတစ်ရံ ပေါင်းသင်းဆက်ဆံရေးမှာ ကို့ယို့ကားယား နိုင်တတ်တယ။ စပ်စုတာ၊ စကားများတာတွေကို လည်း သီးမခံနိုင်ဘူး။ စိတ်ဆိုးနေချိန်မှတောင် ကျွန်မဂုဏ်သိက္ခာနဲ့ပတ်သတ်ပြီး အလေးနက်ထားတတ်ပါတယ်။