မချောစုဟန်သွယ် (အလုပ်သင်အဖြစ် ၀၂.၀၅.၂၀၁ဂ နေ့တွင် ဝင်ရောက်ပါသည်)

  • 2018-05-02


၁။ သင်ဘာကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာပါလဲ။

ပထမဆုံးအချက်ကတော့ ကျွန်မအနေနဲ့ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ စည်းမျဉ်းစည်းကမ်းတွေ
ကို အတော်လေးစိတ်ဝင်စားမှုရှိပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာကို လေ့လာကတည်းက ဥပဒေလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အခွင့်ရေးများများမရှိခဲ့ပါဘူး။ SAGA ASIA Consulting Co., Ltd မှာအလုပ်သင်အနေနဲ့ အလုပ်ဆင်းခွင့်ရတာကိုသိရကတည်းက ကျွန်မအတော်ကိုဝမ်းသာရပါတယ်။ နောက်ဆုံးတော့ ဥပဒေဆိုင်ရာလုပ်ငန်းအတွေ့အကြုံနဲ့ ဗဟုသုတတွေပါ ရနိုင်ပါပြီ။
နောက်တစ်ချက်ကတော့ ဒီလုပ်ငန်းရဲ့စည်းစနစ်ကျတဲ့ အင်တာဗျူးက ကျွန်မကို ကုမ္ပဏီ အပေါ်မှာအထင်ကြီးလေးစားသွားအောင် ပြုမူနိုင်ခဲ့တာပါပဲ။ နောက်ဆုံးတစ်ချက်ကတော့ ကျွန်မနဲ့အတူတကွ လက်တွဲလုပ်ကိုင်ရမဲ့ စီနီယာတွေကို အနည်းငယ်လေ့လာပြီးတဲ့နောက်
မှာ ထက်မြက်ပြီးဖော်ရွေတဲ့သူတွေနဲ့ အလုပ်တွဲလုပ်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိတာ
ပါပဲ။ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်လို့လည်း ယုံကြည်ပါတယ်။

၂။ သင်နောင်လာမည့်အနာဂတ်တွင် ဘာဖြစ်ချင်ပါသလဲ။
ကျွန်မရဲ့အိပ်မက်က နိုဘယ်ဆုရသံအမတ်ကြီးတစ်ယောက်ဖြစ်လာဖို့ပါဘဲ။ တောက်ပတဲ့
အနာဂတ်တွေ အခွင့်ရေးကောင်းတွေနဲ့အတူ နိုင်ငံကိုဆက်သွယ်ပေးနိုင်တဲ့ အမျိုးသမီးခေါင်းဆောင် ဖြစ်ချင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖွင့်ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရကတည်းက အပြည့်အဝဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာဖို့အတွက် အကြာကြီးခရီးဆက်ရဦးမှာပါ။ မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်တဲ့ကဏ္ဍမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ တစ်စိတ်တစ်ပိုင်းပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

၃။ သင်ရဲ့အားလပ်ရက်တွေကို ဘယ်လိုအသုံးပြုလေ့ရှိသလဲ။
အားလပ်ချိန်လှုပ်ရှားမှုအနေနဲ့ကတော့ သီချင်းဆိုရတာ၊ ရေကူးရတာနဲ့ အရာဝတ္တုတွေ
ကိုဖန်တီးရတာကြိုက်နှစ်သက်ပါတယ်။ တစ်ခါတစ်လေမှာတော့ ရှုပ်ပွနေတဲ့ကျွန်မရဲ့ အခန်းကိုရှင်းလင်းရတာနဲ့ စာရွက်စာတန်းတွေကိုရှင်းလင်းရတာမျိုး စတဲ့ပစ္စည်းတွေကို
နေရာတကျချတာတွေကိုလုပ်ပါတယ်။ ဒါ့အပြင် Youtube မှာ ဗီဒီယိုကြည့်တာလည်း ကျွန်မရဲ့ဝါသနာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၄။ သင်ရဲ့ အားသာချက်နှင့် အားနည်းချက်တွေက ဘာတွေလဲ။
အားနည်းချက်နဲ့ပတ်သတ်ပြီးတော့ကျွန်မကစကားများတတ်ပြီး စိတ်လှုပ်ရှားလွယ်ပါတယ်။
သိလိုစိတ်များတာကတော့ တစ်ခါတစ်ရံမှာ ကျွန်မရဲ့အားသာချက်ဖြစ်နိုင်ပါတယ်။ တစ်ချို့
လူတွေက စိတ်ရှုပ်စရာလို့ထင်မိတဲ့ကိစ္စတွေမှာ ကျွန်မကအများကြီးသိချင်ပြီး သိဖို့ကြိုးစား တတ်ပါတယ်။ အကောင်းမြင်စိတ်ရှိပြီး တက်တက်ကြွကြွနေထိုင်တာက ကျွန်မရဲ့အားသာ
ချက်ပါ။ လူအများနဲ့ ကောင်းကောင်းပြောဆိုဆက်သွယ်နိုင်ပြီး အခမ်းအနားပြင်ဆင်ခြင်း မန်နေဂျာအဖြစ်လည်း အလုပ်လုပ်ခဲ့ဖူးတာကြောင့် ကောင်းကောင်းစီမံခံ့ခွဲနိုင်ပါတယ်။ ဒါ့အပြင် ကျွန်မကပျော်ပျော်နေတတ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။