လူမှုရေးထောက်ပံ့မှုများ

ဥပဒေဖြင့်ပိုမိုကောင်းမွန်သောလူ့အဖွဲ့အစည်းအားတည်ထောင်ကြပါစို့ ဆိုသည့်စကားရပ်အတိုင်း တီအန်ဝိုင်ဥပဒေလုပ်ငန်း (မြန်မာ)သည် မြန်မာနိုင်ငံတွင်းရှိလူများ စီးပွားရေးလုပ်ငန်းများအောင်မြင်စွာ လုပ်ဆောင်နိုင်ရန်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

‘ဥပဒေ’ကိုကုမ္ပဏီများနှင့် အများပြည်သူတို့အတွက်ပြဌာန်းထားပါသည်။ မြန်မာနိုင်ငံတွင် ဥပဒေဆိုင်ရာ ဗဟုသုတနည်းပါးသောကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ဆိုးကျိုးများရရှိနေပါသည်။ တန်းတူမျှတသည့် ဥပဒေစည်းကမ်းများ၏ စည်းနှောင်မှုထိန်းချုပ်မှုတို့နှင့်အညီ နိုင်ငံဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်နိုင်မည့်ဟု ယုံကြည်မိပါသည်။

ကျွနု်ပ်တို့ကုမ္ပဏီအနေဖြင့် အများပြည်သူ၏ပါဝင်လုပ်ဆောင်မှုများအဆင်ပြေချော့မွေ့စေရန်ကြိုးစား ဆောင်ရွက်နေပါသည်။ ဥပဒေများကိုပြုလုပ်စေကာမူ ၎င်းတို့အားပြင်ဆင်မှုမရှိထားပါက အောင်မြင်နိုင်မည်မဟုတ်ပါ။ ထို့အပြင်မှားယွင်းသောဥပဒေများကိုလည်း ပယ်ဖျက်ရန်လိုအပ်ပါသည်။ ကျွနု်ပ်တို့၏ ဥပဒေရေးရာကျွမ်းကျင်သူများက လေ့လာစောင့်ကြည့်ခြင်း အများပြည်သူသို့အသိ ပေးကြေညာခြင်းတို့ကိုလုပ်ဆောင်ပေးနေပါသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းသည် ပိုမိုကောင်းမွန် သောဘဝနှင့် စိန်ခေါ်မှုအသစ်များအားပံ့ပိုးမှုဖြစ်မည်ဟု ယုံကြည်မိပါသည်။

ကျွနု်ပ်တို့၏ CSRလုပ်ဆောင်မှုများမှာအောက်ပါအတိုင်းဖြစ်ပါသည်

၁။ ဥပဒေကိစ္စရပ်များအားအခမဲ့ဆွေးနွေးပေးခြင်း

မြန်မာနိုင်ငံတွင် ကြိုတင်ဆွေးနွေးမှုများနည်းပါးပါသည်။ လူအများစုမှာ ငွေကြေးပြဿနာကြောင့်ဖြစ်စေ၊ ကန့်သတ်ထားသည့်အခွင့်အရေးများကြောင့်ဖြစ်စေ ဥပဒေဝန်ဆောင်မှုများအား ရယူရန်ကန့်သတ်ထား ခြင်းခံရပါသည်။ ကျွနု်ပ်တို့အနေဖြင့် မိနစ်၃၀စာ ဥပဒေကိစ္စရပ်များအားအခမဲ့ဆွေးနွေးပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် တစ်ဦးတည်းဖြစ်စေ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်ဖြစ်စေ ပြည်တွင်းလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်နေပါသည်။

၂။ အလုပ်သင်ပရိုဂရမ်

မြန်မာနိုင်ငံတွင် အလုပ်သင်များအတွက်အခွင့်အလမ်းမှာ ကန့်သတ်မှုများရှိပြီး မျိုးဆက်သစ်များအား လုပ်ငန်းခွင်စည်းကမ်းများအားလေ့ကျင့်သင်ကြားမှုမှာလည်းလိုအပ်ပါသည်။

မြန်မာနိုင်ငံရှိတက္ကသိုလ်များမှကျောင်းသားများအား အလုပ်သင်အဖြစ်လက်ခံနေပြီး လိုအပ်သည့် စီးပွားရေးစည်းကမ်းများအားသင်ကြားပေးပြီး ကုမ္ပဏီနှင့် ဝန်ဆောင်မှုများကိုလည်းမိတ်ဆက်ပေးပါသည်။

စတင်တည်ထောင် သည့်အချိန်မှစ၍ ကျောင်းသားဦးရေ ၅၀တိတိအားလက်ခံခဲ့ပြီးဖြစ်ပါသည်။
တက္ကသိုလ်များ- ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

ကျွနု်ပ်တို့အနေဖြင့် ဂျပန်နိုင်ငံရှိ ကျောင်းသားများအား နိုင်ငံရပ်ခြားအတွေ့အကြုံရှိစေရန်ကူညီပေးနေပါ သည်။ သို့ပါသောကြောင့် ဂျပန်နိုင်ငံမှကျောင်းသားများနှင့် လူငယ်စီးပွားရေးသမားများအား အလုပ်သင်အဖြစ်လက်ခံနေပါသည်။ ကိုဘေးတက္ကသိုလ်နှင့်ပူးပေါင်း၍ နွေရာသီကာလနှင့်အားလပ်ရက် တိုင်းတွင် ကျောင်းသားသုံးဦးမှလေးဦးအထိ ရုံးတွင်လာရောက်လုပ်ကိုင်စေရန်ပူးပေါင်းထားရှိပါသည်။ GLIPမှနှစ်နှစ်ဆက်တိုက် ကျောင်းသားများကို အလုပ်သင်အဖြစ်လက်ခံခဲ့ပါသည်။ စတင်တည်ထောင် သည့်အချိန်မှစ၍ (မတ်လ၂၀၁၉) ကျောင်းသားဦးရေ ၄၀တိတိအားလက်ခံခဲ့ပြီးဖြစ်ပါသည်။

၃။ ရန်ကုန်တက္ကသိုလ်နှင့်ဒဂုံတက္ကသိုလ်တို့အား MLDBထောက်ပံ့ပေးခြင်း

မြန်မာနိုင်ငံအနေဖြင့် ထုတ်ပြန်ပြီးသော ဥပဒေ၊ အမိန့်ကြော်ငြာစာများအား တစ်နေရာတည်းတွင် အလွယ်တကူမရှာဖွေနိုင်ပါ။ ထို့အပြင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်းမှာလည်း များများစားစားမရှိခဲ့သေးပါ။ တီအန်ဝိုင်ဥပဒေကုမ္ပဏီ (မြန်မာ)သည် MLDB (Myanmar Law Data Base) (http://www.myanmarlawdb.com/law-and-regulation/) ကိုယင်းပြဿနာများ ဖြေရှင်းရန်အ တွက်တည်ထောင်ခဲ့ပါသည်။