Soft-Opening of trademark registration will be start on 1st October 2020!

  • 2020-09-28

မြန်မာနိုင်ငံ၏ကုန်အမှတ်တံဆိပ်ဥပဒေအရ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများအား အွန်လိုင်းစနစ်ဖြင့် ၂၀၂၀ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ကနဦးအနေဖြင့် ကြိုတင်လက်ခံ(Soft Opening)ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်အမှတ် ၆၃/၂၀၂၀ ဖြင့် ကြေညာခဲ့ပြီးဖြစ်ပါသည်။
ကနဦးလက်ခံဆောင်ရွက်ရာတွင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ယခင်ကမှတ်ပုံတင်ထားခဲ့သော အမှတ်တံဆိပ်များ သို့မဟုတ် မှတ်ပုံမတင်သော်လည်း မြန်မာနိုင်ငံဈေးကွက်အတွင်း အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်များသာ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါအမှတ်တံဆိပ်ပိုင်ရှင်သည် မိမိတို့ရရှိထားသော ဦးစားပေးအခွင့်အရေးများကို ဆုံးရှုံးမှုမှကာကွယ်နိုင်ရန် Soft opening ကာလအတွင်း ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားရန် အလွန်အရေးကြီးပါသည်။
TNY Legal Myanmar သည် လူကြီးမင်းတို့ရရှိထားသော အခွင့်အရေးများကို လက်မလွတ်စေရန်အတွက် ကူညီဆောင်ရွက်ပေးရန် အသင့်ပြင်ထားပြီးဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ် (သို့) email သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။